GENERAL AUNG SAN.::R.I.P::.

Download more awesome themes for your blogger platform #templatetrackers Follow us @ Google+ and get weekly updates of new templates we release regularly

Showing posts with label speech. Show all posts
Showing posts with label speech. Show all posts
"တိုင်းပြုပြည်ပြုလွှတ်တော် [ဖော်ဆောင်ရတာဟာ] အိမ်ဟောင်းကို တည်ရုံအလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာထပ်ပြီး အိမ်အသစ်ဆောက်တာနဲ့ တူပါတယ်။
 ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။

ဒီလုံးဝလွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တို့လုပ်နေလျက်ပါပဲ။
ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်တဆင့် ကျွန်တော်တို့လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာခင်ဗျားတို့ ပြန်ကြည့်ပါ။……..နောက်အတော်လေးကြာလာယင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုးလုပ်လာနိုင်ပါဦးမယ်။
အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမယ် ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည်ပြန်လည်ထူထောင်ရေးမယ် လုပ်တဲ့လုပ်ငန်းမှာလဲ တဆင့်တက်လာတာကိုသော်၎င်း၊ အခုလွတ်လပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး တဆင့်တက်လာတာကိုသော်၎င် အဲဒီလိုတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။
အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။
ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ တိုင်းပြည်ကမကြည်ညိုဘူးဆိုတာ ကျုပ်တို့သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံမဲ့ လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။……..
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့ကျွန်တော်ပြောချင်တယ်။…..
ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပါဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။….
ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုယင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကိုပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်။"
(စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်မှ မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြသည်။)
တောင်းပန်တယ်ဗျ.....ဖေ့ ဘုတ်ကူးတော့ ဖောင့်နဲနဲများပြောင်းသွားလားမသိဘူး...သည်းခံပြီးဖတ်ပေးပါ
ဓါတ်ပုံများကိုခွပ်ဒေါင်းအော်သံမှယူသုံးသည်။
လေးစားဦးညွှတ်လျှက်
ေေေေ   ရွှေအိမ်စည်
 
( ယခုဖော်ပြပါမှတ်တမ်းဓာတ်ပုံနှင့်အကြောင်းအရာများအား http://kyawhtetwin.blogspot.com/2012/09/blog-post_8675.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)



(ယခုဖော်ပြပါမှတ်တမ်းတင်ဓာတ်ပုံများသည် http://kyawhtetwin.blogspot.com/2013/09/blog-post_6378.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
သခင်အောင်ဆန်း အတွေး၊ သခင်အောင်ဆန်း အရေး
လူတွေကို ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီး တစ်ရပ်ပင်ဖြစ်၏။ ထိုတရားကား..လောကီ နိဗ္ဗာန် ကို နောက်ဆုံး ရည်မှန်းပေ၏။
ကမ္ဘာလောကဓါတ်ကို သူ့သဘာဝ သူ့မူ သူ့ကိန်းအလျှောက် သိလျှင်မူ မည်သူမျှ အာဏာရှင် မင်းလောင်းတို့ကို မျှော်နေမည်မဟုတ်။ ခေါင်းဆောင်ကောင်းကိုလည်း စောင့်စားနေမည် မဟုတ်။ မိမိဝတ္တရား အင်အားကိုသိလျှင် သိသည့်အလျှောက် လူတိုင်း ကြိုးစားကြမည်။ နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည်။ လူတိုင်းလုပ်မှ ဖြစ်မည်။ မင်းလောင်းမျှော်နေစရာ မဟုတ်၊ ဘယ်နေရာကမှ မင်းလောင်းပေါ်လာမည်မဟုတ်။
စင်္ကြာမင်း ဆိုသော်လည်းမရှိ၊ လာမည်မဟုတ်။ ပေါ်လျှင်လည်း သူလိုငါလိုထဲမှ ရာဇဝင်ကိန်းခမ်းအလျှောက် (ဝါ) အရေးပေါ်သည့်အခါ၊ အခါအလျှောက် ဆောင်ရွတ်ရန် စွမ်းရည်သတ္တိရှိသူသည်၊ မုချဆတ်ဆတ် တကယ့်ခေါင်းဆောင် ဖြစ်မည်။ ထိုသူသည် သင်လည်းဖြစ်နိုင်၏။ ငါလည်းဖြစ်နိုင်၏။ ထိုကြောင့် သင့်စိတ်ဝယ် ကိန်းအောင်းနေသော လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ။ “ယောင်္ကျားတံခွန် လူရည်ချွန်က၊ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း ရမြဲလမ်း” ဒါဟာဒါမျိုး ဆိုတာဘဲ။
သခင်အောင်ဆန်း ၏ “နီုင်ငံရေး အမျိုးမျိုး” ဆောင်းပါးမှ….
General Aung San’s political thoughts
Men can and wish to reform. This desire for progress is obvious. Actually politics is this drive for reform and progress. Its ultimate objective is to create a heaven on earth.
If aware of the nature, principles and probabilities of this scientific world, no one will expect the arrival of dictatorial pretenders to the throne nor of the charismatic leaders. As much as one is conscious of one’s own duty and capability, everyone will strive his utmost. Politics concerns everybody and needs everyone’s participation. There is no need to awaits a pretender to the throne since none will emerge from anywhere. By the same token, no chakravat will emerge because there is none. If a so-called chakravat emerges, he will be someone from among the crowd who rises to the historical occasion and leads the people with ability and courage. He could be you or me. So, get rid of your inferiority complex and go into politics. “Man is capable of reaching to the stars” , so the saying goes.
Bogyoke Aung San (1915-1947)
(from his article: Many Kind of Politics)
translated by Retired ambassador Thet Tun
ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲ တို့မှ ဖန်တီးတင်ပြသည်။
ဒီဇိုင်းဆွဲပေးသူ ညီလေး ကောင်းကောင်း ကိုလည်း ကျေးဇူးတင်ပါတယ်။
(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား  http://kyawhtetwin.blogspot.com/2013/09/blog-post_6203.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
အစတုန်းက တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေကို ကိုယ့်နယ်ဆိုင်ရာ ကိုယ့်ပရိသတ်ကို တိုင်းပြည်ပြု လွှတ်တော်မှာ ဘာတွေ လုပ်နေတယ် ဆိုတာ အစီရင်ခံဖို့ စီစဉ်ခဲ့တယ် အခြား တိုင်းပြည်တွေမှာ လွှတ်တော် အမတ်တွေကို တင်မြှောက်တဲ့ အခါ လွှတ်တော် အမတ်တွေဟာ အစည်းဝေး မရှိတဲ့ အချိန်အခါမှာ ကိုယ့်နယ်ကို ကိုယ်ပြန်ပြီး လွှတ်တော်မှာ ဘာတွေ လုပ်တယ် ဆိုတာကို အခြေအနေ အရပ်ရပ် အစီရင်ခံတဲ့ ထုံးစံ ရှိတယ်။ အဲဒီ ထုံးစံမျိုးအတိုင်း ဗမာပြည်မှာလဲ ဖြစ်စေချင်တဲ့ အတွက် ဖဆပလ အဖွဲ့ချုပ်မှ ရန်ကုန် နယ်အသီးသီးကို လွှတ်တော် အမတ်တွေပြန်ပြီး အစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ပါလို့ ပြောတဲ့အခါ တိုင်းပြု ပြည်ပြု လွှတ်တော် အမတ်တွေဟာ ကိုယ့်နယ်တိုင်းမှာ ပြန်၍ အစီရင်ခံကြတဲ့ နိုင်ငံရေး ရှင်းလင်းပွဲများ လုပ်ခဲ့ကြတယ်။ ယနေ့လဲ ရန်ကုန် တမြို့လုံး အတွက် ဖြစ်တယ်။

ကျွန်တော်က နဂိုရ်က ပြောခဲ့တဲ့ အတိုင်း ယနေ့ ကျနော့် နိုင်ငံရေး ရှင်းတမ်းဟာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေမဟုတ်ဘဲ ရန်ကုန်မြို့နယ် တနယ်က တင်မြှောက်လိုက်တဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ဘာတွေ လုပ်တယ်ဆိုတာ နယ်သူ နယ်သားတွေ သိရအောင် အစီရင်ခံဖို့ အဓိက ရည်ရွယ်ချက်ထားပြီး ပြောဖို့ဘဲ။ ကနေဒါ တောင်အာဖရိက စတဲ့ နိုင်ငံတွေကတော့ သွေးတူ သားတူ ဖြစ်တယ်ဆိုပြီး အကုန်လုံး မျက်နှာဖြူ လူမျိုးတွေဖြစ်တော့ သူတို့အဖို့မှာ အင်္ဂလိပ် ရှင်ဘုရင်ကို သူတို့ ဘုရင်အဖြစ် ထားကြတယ်။

'ဒိုမီနီယံ' သဘောကတော့ အင်္ဂလိပ် ရှင်ဘုရင်ထားပြီး အင်္ဂလိပ်နှင့် တအိမ်ထောင်တည်း သဘောထားပြီး နေရတဲ့ဟာဘဲ၊ ဥပဒေ သဘောအားဖြင့် မျိုးတူလျှင် သူ့တိုင်းပြည် သူအုပ်ချုပ် သွားတယ်။ အဲသည်လို အုပ်ချုပ်တဲ့ အခါမှာ တိုင်းပြည်မှာ ရှိတဲ့ လွှတ်တော်တွေဟာ အာဏာ ရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ရတဲ့ လက်တွေ့လုပ်တဲ့ နေရာမှာ လုပ်နိုင်တယ်၊ ကျွန်တော် အဆင့်အတန်းမှာ ကျွန်တော်တို့ အာဏာရှိတဲ့ အဆင့်အတန်း မဟုတ်ဘူး။ နိုင်ငံခြား ဆက်သွယ်တဲ့ နေရာမှာ ကျွန်တော်တို့ တိုင်းပြည်ကို အခြားနိုင်ငံက မေးတဲ့ အခါမယ် သမ္မတ နိုင်ငံလား၊ လွတ်လပ်သော နိုင်ငံလား၊ ဒိုမီနီယံလား မေးလျှင် ဘယ်လို ဖြေရမလဲ မသိဘူး။ ဘယ်လို ခေါ်ရမလဲ ဆိုတာ ပြန်ဖြေရလျှင် အစိုးရရဲ့ အခြေအနေအရ မရေရာလို့ မဖြေနိုင်ကြောင်း ပြောရမှာဘဲ။ အိန္ဒိယပြည်မှာကတော့ သြဂုတ်လမှာ 'ဒိုမီနီယံ' အစိုးရ ဖြစ်သွားလျှင် သူတို့ အစိုးရ အဆင့်အတန်းဟာ ကျွန်တော်တို့ အစိုးရ အဆင့်အတန်းထက် မြင့်သွားမယ်။

သူတို့နယ်တွေမှာ ပေါ်လာမဲ့ တိုင်းပြည်ပြု လွှတ်တော်တွေမှာ အချုပ်အချာ အာဏာနှင့် ပြည့်စုံမဲ့ လွှတ်တော်တွေ ဖြစ်တယ်။ အဲဒီ တိုင်းပြည်ပြု လွှတ်တော်က ရေးဆွဲမဲ့ ဥပဒေတွေကို ချက်ခြင်း အတည်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီလို အိန္ဒိယပြည်က တပန်းသာတာ ရှိမယ်။ အဲဒီနေရာမှာ (ဗမာပြည်) တိုင်းပြည်ပြု လွှတ်တော်ဟာ အချုပ်အချာ အာဏာ မရသေးဘူး။ အချုပ်အချာ အာဏာသဘော ဖြစ်တဲ့ အဆင့်အတန်းကိုတော့ ရပါတယ်။

အဲဒီတော့ ကျွန်တော်တို့ လွတ်လပ်ရေး ကိစ္စနှင့် ပတ်သက်လို့ ဖဆပလ အဖွဲ့ချုပ်ကြီးက ၁၉၄၆ ခု၊ ဇန်နဝါရီလမှာ ကျင်းပတဲ့ ပထမဆုံး ညီလာခံ သဘင်ကြီးက ဗမာပြည်ဟာ လုံးဝ လွတ်လပ်ရေး လိုချင်တယ်။ တခြား ဘယ်လို အဆင့်အတန်းမှ မလိုချင်ဘူးလို့ ဆုံးဖြတ်ခဲ့တာ သိတဲ့ အတိုင်းဘဲ။ လွန်ခဲ့တဲ့ မေလက ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံ သဘင်မှ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတ နိုင်ငံ ထူထောင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တိုင်းပြည်ပြု လွှတ်တော်မှာ ကျွန်တော်ကိုယ်တိုင် တင်သွင်း ဆုံးဖြတ်ခဲ့တဲ့ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံ ထူထောင်ဖို့ ဆုံးဖြတ်ပြီးပြီ။ ဖဆပလ အဖွဲ့ချုပ်က အလုပ်လုပ်တာ အင်မတန် ရှင်းတယ်။ အဲဒီလို ဖြစ်တဲ့အတိုင်း လုံးဝ လွတ်လပ်ရေး ရအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း တိုင်းပြည်က သိတဲ့အတိုင်း တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရအောင် လုပ်နေဒါဘဲ။ တနှစ်လဲ မစေ့သေးဘူး။ တနှစ် ဆိုသော်လည်း အလျော့အပေါ့ နည်းနည်းပါးပါး ရှိမယ်။

တိုင်းပြည်ပြု လွှတ်တော်က ဗမာပြည် လုံးဝ လွတ်လပ်ရေး ရအောင် မလုပ်နိုင်လို့ ရှိရင် ကတိဖျက်တယ် ပြောနိုင်တယ်၊ အဲဒီ အချိန်အခါ အထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရအောင် ကြိုးစားနေတယ်။ လုပ်ငန်းကို အောင်မြင်သည် မအောင်မြင်သည်ကို ယခုအခါ မပြောနိုင်သေးဘူး။ လုပ်ငန်း မပြီးသေးဘူး။ ခင်းဗျားတို့ ပြီးတဲ့ တနေ့မှာ အောင်သလား၊ မအောင်သလား တွေ့ရမယ်၊ ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို အဖွဲ့ချုပ်လဲ ဆိုတာ မြင်လာမယ်၊ ယခုအခါ ကြီးကြီးကျယ်ကျယ် မပြောလိုဘူး ဖဆပလ အဖွဲ့ချုပ်ဟာ သွေဖယ်ပြီး လုပ်တာ မရှိဘူး။ သို့သော်လည်း အဲဒီလို လွတ်လပ်ရေး ရအောင် လုပ်တဲ့ နေရာမှာ အလွယ်ဆုံး အကောင်းဆုံး အအေးဆုံးနည်းနဲ့ ရအောင် ကျွန်တော်တို့ လုပ်နေတယ် ကျွန်တော်တို့မှာ ဘာအပြစ် ပြောစရာ ရှိသလဲ။ ဘယ်သူတွေက ဘာကြောင့် အပြစ်တင်ရသလဲ အဲဒီလို လုပ်တဲ့ နေရာမယ်၊ ဖဆပလ အဖွဲ့ချုပ်က ဒိုမီနီယံဘဲ လက်ခံတော့ မလိုလို ပြောဆို ရေးသား နေကြတယ်၊ ခင်ဗျားတို့ တိုင်းပြည်က ယုံချင် ယုံနိုင်တယ်၊ မယုံချင် နေနိုင်တယ်။

'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်၊ အချိန်မရလို့ မရှင်းနိုင်ဘူး အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလ အဖွဲ့လဲ ဆိုတာ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်၊ လူတွေကိုလဲ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်။

ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အဖွဲ့တွေ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မာတိကာကို တင်၍ စဉ်းစားကြပါ၊ ဘယ်လို လူတွေ ဘယ်လို အဖွဲ့တွေ ဆိုတာ တွေ့လာရမလဲ။ လွန်ခဲ့တဲ့ နှစ်မှစ၍ လွတ်လပ်ရေး စခန်း ဘယ်အထိ တက်လာသလဲ အစရှိ သဖြင့်အချက်အလက်တွေ မြင်ရမယ်။ တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ တဆင့် တက်သလား၊ လွတ်လပ်ရေး လုပ်ငန်း တဆင့် တက်လာတာတွေ ရက်များ မကြာမီ မြင်ရမယ်၊ ကျွန်တော် ယခု အစိုးရနဲ့ ဟိုတုန်းက အစိုးရတွေကို ယှဉ်ကြည့်လျှင် မတူဘူး ဆိုတာ ကျွန်တော်ရဲရဲကြီး ပြောရဲတယ်၊ အခု အစိုးရ အဖွဲ့ထဲမှာ လာဘ်စားတဲ့လူ မရှိဘူး၊ ယခင် အစိုးရတုန်းက တည့်တည့်လင်းလင်း ပြောရဲတယ် လာဘ်စားတဲ့ လူတွေ ရှိတယ်၊ ဒီလူတွေရဲ့ ပါတီ ပြန်လည် အာဏာရအောင် လုပ်နေတာကို တိုင်းပြည် အတွက် စေတနာ ပါသည် မပါသည် ဖြစ်စေ တိုင်းပြည်ရဲ့ ရန်သူနံပါတ် (၁) ဖြစ်တယ်။ခင်ဗျားတို့ ထောက်ခံရင် ခင်ဗျားတို့ လည်ပင်း ကြိုးကွင်းတပ်ရာ ရောက်မယ်။

ကျွန်တော်တို့ အစိုးရဟာ တိုင်းပြည်လူထု ထောက်ခံလို့ ဖြစ်လာတဲ့ အစိုးရ ဖြစ်တယ်၊ တိုင်းပြည် လူထုက မကြည်ညိုဘူးလို့ သိလာတဲ့ တနေ့မှာ တွယ်ကပ် မနေဘူး ထွက်ပေးမယ်၊ သို့သော် တနှစ်လောက် စောင့်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ ဘယ်လို လူစားလဲ ဆိုတာ သိမယ်။ ရာဇဝင်မှာ အဆဲခံမဲ့ လူစား မဟုတ်ဘူး ဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိမယ်၊ လွတ်လပ်ရေးရတဲ့ အခါမယ် အခွင့်အရေး ပိုတာ ရှိမယ်၊ တာဝန်တွေ ပိုလာမယ်၊ ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်း အခါမှာ ဗမာပြည် ကာကွယ်ရေး အတွက် အင်္ဂလိပ်ရဲ့ တာဝန်ဘဲ၊ ဗမာပြည် လွတ်လပ်ရေးရတဲ့ အခါမှာ ဗမာပြည် ကာကွယ်ဖို့ ဗမာတွေရဲ့ အဓိက တာဝန် ဖြစ်လာမယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။

တိုင်းပြည် ကာကွယ်ဖို့ ဗမာပြည်မှာ စစ်သားတွေ လိုလာမယ်၊ အဲဒီအခါ ဗမာတိုင်း အရွယ်ရောက်သူတိုင်း ကျန်မာရေးနဲ့ ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့ လုပ်ရမယ်၊ ခင်ဗျားတို့ တိုက်ချင်တိုက် မတိုက်ချင်လဲ တိုက်ရမယ်။ ဒါမှ လွတ်လပ်ရေး တာဝန် ကြေမယ်။ လွတ်လက်ရေး ရတဲ့အခါ ယိုးဒယားလို ဖြစ်ချင်သလား၊ တူရကီလို ဖြစ်ချင်သလား၊ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား၊ ဆိုဗီယက် ရုရှားလို ဖြစ်ချင်သလား။ ဗမာပြည် လွတ်လပ်ရေးရတဲ့ အခါမှာ ပြန်လည် ထူထောင်ရေး စီမံကိန်းများကို အမျိုးမျိုးသော နည်းများဖြင့် လုပ်မှ ခပ်ရိုင်းရိုင်း ဗမာစကား ပြောရလျှင် အတော်ကို ပြဲအောင် ကျိုးစား လုပ်ကိုင်မှ အနှစ် ၂၀ လောက်ကြာမှ ဗမာပြည် တော်ရုံရောက်မယ် မလုပ်လို့ ရှိရင် ယိုးဒယားတောင် မှီမှာ မဟုတ်ဘူး။

အခြား လွတ်လပ်သော တိုင်းပြည်များ ခြေတလှမ်း လှမ်းလျှင် ကိုယ်က ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံရမယ်။ အဲဒီလို မလုပ်ရင် ဟိုလူလာလဲ မျက်နှာချိုသွေးရ ဒီလူလာလဲ မျက်နှာချို သွေးရ၊ ဖာသယ်နိုင်ငံ ဖြစ်မှာဘဲ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် လုံ့လ ဝီရိယဖြင့် ကြိုးစား အားထုတ် လုပ်ကိုင်ဖို့ လိုတယ်၊ ဗမာရဲ့ စိတ်ဓာတ်ဟာ ကျွန်တိုင်းပြည် ဖြစ်သည့်အတိုင်း ပုသိမ်ဘက် လှေပြိုင်ပွဲ တပွဲမှာ မြင်ရသလို လှေတစင်းကို အနည်းငယ် နိုင်လိုက်၍ ပန်းသို့ မဝင်ရသေးခင် လှေတက်ကို မြှောက်သလို ဗမာ့ စိတ်ဓာတ်ဟာ အောင်မြင်ခြင်းသို့ မရောက်ခင် စိတ်ဓာတ် လျှော့ပေါ့တတ်မှု ရှိတယ်။ ဒီလို စိတ်မျိုး မထားဘဲ ရှုံးရှုံးနိုင်နိုင် မလျော့တမ်းလုပ်ဖို့ တည့်တည့်လင်းလင်း သတိပေးခဲ့မယ်။

ဗမာပြည်မှာ လူအမျိုးမျိုး အချင်းချင်း မကွဲဖို့၊ လူငယ်ပိုင်း ဖြစ်သော လက်ဝဲသမား အချင်းချင်း မကွဲဖို့ သတိပေးလိုတယ်။ နိုင်ငံရေးသမား ချေထိုးမှုကို ယောင်မှားသွားလို့ ရှိရင် ခင်ဗျားတို့ လွတ်လပ်ရေး မရဘဲ အိန္ဒိယပြည်လို အင်္ဂလိပ် ပေးသမျှ မယူဘဲ မနေနိုင် ဖြစ်လိမ့်မယ်၊ ပြန်လည် ထူထောင်ရေးနှင့် ပက်သက်၍ ဗမာပြည်ဟာ မိအေး နှစ်ခါနာ ဆိုသလို စစ်ဒဏ် နှစ်ကြိမ်ခံခဲ့ရသည့် အတွက် ကူးသန်း ရောင်းဝယ်မှုများ ပျက်စီးခဲ့တယ်၊ ဗမာပြည်မှာ စားကုန် သောက်ကုန် အသုံးစရိတ် ကြီးမြင့်ခြင်းဟာ ခင်ဗျားတို့ ဘုံးပေါလအော သုံးမှုကြောင့် ဖြစ်တယ်။ ခြိုးခြံ သင့်တာ ခြိုးခြံ ကိုယ့်အိမ် စိုက်စားသင့်တာ မစားဘဲ နိုင်ငံခြား သွင်းကုန်ပေါ်မှာ မှီစားသည့် အတွက် ဈေးကြီးတယ်၊ ပုဂ္ဂိုလ် တဦးတယောက် ဖောက်ပြန်တာလဲ ရှိမယ်၊ အဖွဲ့ အနေနှင့် ဘယ်တော့မှ မလုပ်ဘူး၊ ဖဆပလ အဖွဲ့ချုပ်မှ စေတနာကောင်းဖြင့် လွတ်လပ်ရေး ရုပ်လုံးဖော်ရာမှာ အကောင်းဆုံးနည်း အအေးဆုံးနည်းနှင့် လုပ်နေတယ် နောက်ဆုံး အေးအေးဆေးဆေး နည်းနှင့် မရလျှင် ရတဲ့နည်း လုပ်မယ်လို့ ပြောခဲ့ပြီ လွတ်လပ်ရေး လိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်း ညီညွတ်မှုတွေကို ထိမ်းသိမ်းထားပါ၊ ထူထောင်မှုကို လုပ်ကြပါ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာ ကိစ္စအတွက် အလုပ်လုပ်တဲ့ နေရာမှာ စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့၊ စောက်ကျင့်တွေ ပြင်ဖို့ လိုနေပြီလို့ ကျွန်တော် ပြောခဲ့မယ်။

'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်၊ အချိန်မရလို့ မရှင်းနိုင်ဘူး အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလ အဖွဲ့လဲ ဆိုတာ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်၊ လူတွေကိုလဲ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်။ ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အဖွဲ့တွေ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မာတိကာကို တင်၍ စဉ်းစားကြပါ၊ ဘယ်လို လူတွေ ဘယ်လို အဖွဲ့တွေ ဆိုတာ တွေ့လာရမလဲ။

( ပါလီမန် ဒီမိုကရေစီ ပါတီ၊ က နေ ရှာဖွေထုတ်ပြန်တင်ပြတာကို ပြန်လည် ကူးရေးတာပါ။ နောက်ပြီးတော့ ဗိုလ်ချုပ်ရဲ့ စကားမိန့် ခွန်းက ခုခေတ်နဲ့ ကိုက်ညီမှု ရှိနေသေးပါတယ်။ )

 (ယခုဖော်ပြထားသောအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/09/blog-post_8.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
။။အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။

( ဗိုလ်ဥတ္တမကျော် )


*****************...************************************************************



ရဲဘော်တို့----



ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။



ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေး ဘူး။



ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများ ရတာနဲ့ တပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။



ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခုဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။



ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထား တာမဟုတ်။ တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။


တကယ့်သစ္စာဖြစ်ရမယ်



ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ် စောင့်ရှောင့်ဖို့ နိုင်ငံနှင့် အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ် ။အဲဒီလိုစောင့်တဲ့ သစ္စာ ဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှုးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှုးတစ်ယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တစ်ယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတစ်ယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။



တော်အောင်ကြိုးစားကြပါ



ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။



ရာထူးအဆင့်အတန်း



ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ် လုပ်တယ်။ ရှေးကလည်း အနစ်နာ ခံဘူးတယ် ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေးလို့ မတိုးတတ်သေးရင် နောက် တစ်နေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစ၇ာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန်လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာ ခံဘူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူ မှတတ်မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူး အဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။



တန်ခိုးပြဘို့မဟုတ်



တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေ တွေဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှင်းခြင် တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အားလုံးဘဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။



မှန်ကန်သော လူမျိုးရေးတရား



လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့် အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရ မှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင် ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာဘဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုးတွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာဘဲ ရှမ်းဘဲ ကရင်ဘဲ ချင်းဘဲ စသဖြင့် ခွဲစရာ မလိုဘူး။

ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာဘဲ။



ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာဘဲ။



လူကြီးဆိုတာ ဘာလဲ



နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာ ကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့--- ဘာကြီးရဲ့--- နဲ့လာမျှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျှူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ်ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။



ဘယ်တော့မှ သစ္စာမဖောက်



နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေ ဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင်သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်း လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျ တာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက် ကို ကိုယ်ပြင်ကြရမယ်။



သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတစ်ခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ဘဲ။



စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ



နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခုနားလည်စေချင် တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။



ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းဘဲ။ ။


(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား  http://kyawhtetwin.blogspot.com/2013/09/blog-post_2720.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
““မှတ်ထား ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှ မရှိရဘူး ၊ မပါစေရဘူး..၊ လူထုငတ်ရင် အားလုံးငတ်မယ်..၊ လူထုဆင်းရဲရင် တို့ရဲဘော် အားလုံးဆင်းရဲမယ်..၊ ငါလည်း ဆင်းရဲရမယ်..၊ ငါတို့တွေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ ချီတက်ဖို့ အရေးကြီးတယ်..၊ အခုလို စိတ်ဓာတ်မျိုး ၊ အမြင်မျိုးတွေ ရှိနေသမျှ ငါမျှော်မှန်းထားတဲ့ ပြည်သူ့ တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ..၊ သိပ်ရှက်စရာကောင်းတယ်...””
(ဗိုလ်ချုပ်အောင်ဆန်း)
***************
ဗိုလ်ချုပ်သည် ဘယ်ကိုမျှ မကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေတစ်ထွေးကြီးခင်းကာ စာကုန်းရေးနေသည်ကို တွေ့လိုက်ကြသည်..။ ဗိုလ်ချုပ်အောင်ဆန်း၏ အဝတ်အစားမှာ ဗိုလ်ချုပ်နှင့် ထိုက်သင့်သော စစ်ဝတ်စုံ မဟုတ်ပေ..။ အစိမ်းရင့်ရောင် ရှပ်လက်တိုကို မြင်းစီးဘောင်းဘီရှည်နှင့် စစ်ဖိနပ်တစ်ရံကို စီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်..။ စားပွဲထောင့် တစ်နေရာတွင် မြန်မာ့လွတ်လပ်ရေး တပ်မတော်ခေတ် တစ်လျှောက်လုံး ဆောင်းလာသည့် ဂျပန်အရာရှိများ ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကို တွေ့ရသည်..။ အခန်းထောင့်တွင် ဂျပန်ဓားရှည် တစ်လက်ကို ထောင်ထားသည်..။ ဗိုလ်ချုပ်၏ ဆံပင်မှာ ဆီနှင့်ကင်းဝေးနေပြီး ဖြီးလိမ်းခြင်း မပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏..။ ဗိုလ်ချုပ်၏ စစ်ဝတ်စုံမှာလည်း ရာသီဥတုဒဏ်ကြောင့် အဖြူရောင် ရောနှောကာ ဟောင်းနွမ်းနေပြီလေ...။ ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောင့်အယှက် မပေးလိုသဖြင့် ပြောလက်စ စကားကို ဆက်မပြောတော့ပေ..။

သို့သော် အပြင်တွင် ပစ္စည်းသေတ္တာများကို သယ်ချနေသော ရုံးတာဝန်ခံ၊ ပစ္စည်းထိန်းဌာန အရာရှိများ၊ အကြပ်တပ်သားများသည် စည်းလွတ်ဝါးလွတ်ပြောချင်ရာ စကားများကို ကျယ်ကျယ်လောင်လောင် ပြောနေကြသည်..။ သူတို့ လူစုသည် ဗိုလ်ချုပ်ရုံးပြန်တက်ပြီး သူ့အခန်းအတွင်း အလုပ်လုပ် နေသည်ကို လုံးဝသိပုံမရပေ..။ သတိပြုမိပုံလဲမရပေ..။

“ဒီလောက်ကြမ်းတဲ့ အဝတ်တွေဝတ်ရတာ ကျောယားလိုက်ပါဘိကွာ..။ အိမ်မှာတုန်းက တစ်ခါမှတောင် စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေ၊ လက်တောင်မသုတ်ခဲ့တဲ့ အဝတ်ကြမ်းတွေကွာ” ရဲဘော် တစ်ယေက်က ကျယ်ကျယ်လောင်လောင်နှင့် ရယ်မောကာ ပြောလိုက်သည်။

ဗိုလ်ချုပ်သည် စာရေးနေရာမှာ ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တစ်ဖက်အခန်းမှ စစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကို နားစိုက်ထောင်နေသည်..။

“ချီးမှပဲ တို့မျှော်လင့်ခဲ့သလို စမတ်ကျကျမဟုတ်ဘဲ လူရယ်စရာ အဝတ်ကြမ်း၊ ဖျင်ကြမ်းကြီးတွေနဲ့ လာတိုးနေပြီ။ ကောင်းတယ်ကွာ သိပ်ကောင်း..။ ကူလီဝတ်တဲ့ အဝတ်မျိုးတွေကွ” တစ်ယောက်က ဝင်ပြီး ပြောလိုက်သည်။

ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက် တင်းမာခက်ထန်သွားလေသည်..။ မျက်လုံးနှစ်လုံးကလည်း အရောင်တွေဝင်းဝင်းတောက် ဒေါသထွက်နေသည်...။

“ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့ စစ်ဝတ်စုံဝတ်ပြီး မြို့ထဲသွားရင် ဂျပန်တပ်က ခိုင်းတဲ့ဟေးတိုး တပ်သားတွေထင်ပြီး ဂျပန်တပ်က တန်းခိုင်းမှာ သေချာတယ်..။ မင်းတို့သာ ကြည့်ပြောပြပေတော့..။ ဘယ်လို အဝတ်အစားတွေ မှန်းမသိပါဘူးကွာ”

တစ်ဖက်အခန်းမှ အသံများကလဲ မလျှော့တမ်း ဟာသ စွက်ကာ ပြက်လုံး ထုတ်လိုက်ပြန်သေးသည်..။ ဗိုလ်ချုပ်သည် တွေဝေပြီး မျက်လုံးစုံမှိတ်ကာ စဉ်စားနေသည်..။ ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလုပ်ပြီး “ဟေ့…တာရာ ဟိုဘက်က စကားပြောနေတဲ့ အကောင်တွေအားလုံး ငါ့ဆီ အမြန်ဆုံးခေါ်ခဲ့စမ်း၊ မြန်မြန်ကွ” အော်ငေါက်ကာ ဗိုလ်တာရာအား လှမ်းပြီး အမိန့်ပေးသည်...။ ပါးစပ်သရမ်းနေကြသော ရဲဘော်များသည် သူတို့ခေါင်းမီးလောင်တော့မည့် အခြေအနေကို လုံးဝမရိပ်မိဘဲ စစ်ဝတ်စုံများ၏ အခြေအနေကို ဝေဖန်ရင်း ပြက်လုံး ထုတ်နေကြသည်...။

ဗိုလ်တာရာလည်း တစ်ချိုးထဲသွားရောက်ကာ အခန်းတွင်း သေတ္တာကြီးများကို ဖွင့်ကာ ဝတ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့်ဗိုလ်၊ အကြပ်တပ်သားအားလုံးကို ဗိုလ်ချုပ်၏အမိန့်အရ ဗိုလ်ချုပ်အခန်းထဲသို့ တစ်စုတစ်ရုံးတည်း ခေါ်ခဲ့ရသည်..။ ဗိုလ်တာရာလည်း စစ်ထုံးစံအတိုင်း ဗိုလ်ချုပ်ကို အလေးပြုကာ အမိန့်အတိုင်း ခေါ်ဆောင်လာပြီးဖြစ်ကြောင်း သတင်းပို့ကာ အလေးပြုနေစဉ်ပင်...

“မင်းတို့ ဘာကောင်တွေတုန်းကွ ၊ ဟေ့…. ငါမေးနေတာမကြားဘူးလား” စူးစူးဝါးဝါးမေးမြန်းလိုက်သည်...။ ဗိုလ်ချုပ်၏ အသံသည် စစ်ဌာနချုပ် တစ်ခုလုံးလွှမ်းမိုးသွားသည်။ သူတို့သည် ကြောက်နေကြပြီး မှင်သက်မိသူများပမာ တစ်စုံတစ်ရာကို မပြောဝံ့ကြပေ..။ သတိအနေဖြင့် ငြိမ်သက်စွာ ရပ်နေကြသည်...။

“ပြောကြစမ်း၊ မင်းတို့ ဘာကောင်တွေတုန်း.. ငါမေးနေတာ မင်းတို့မကြာင်းဘူးလား.. ခုတင်က မင်းတို့ရယ်လားမောလားနဲ့ ပြောနေကြတာတွေလေ” ဗိုလ်ချုပ်သည် နောက်တစ်ကြိမ် စူးစူးဝါးဝါးအော်ဟစ်ကာ မေးလိုက်ပြန်သည်..။ အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေနှင့် အနည်းငယ် တုန်လှုပ်နေကြသည်..။

“ကျွန်တော်တို့ စစ်ဝတ်စုံတွေညံ့တာနဲ့ ဝေဖန်မိပါတယ် ဗိုလ်ချုပ်” ဗိုလ်ချုပ်ကို ဗိုလ်အဆင့်ရှိသူ တစ်ဦးက အရဲစွန့်ပြီး ဖြေကြားလိုက်သည်..။ “ဘာကွ ၊ စစ်ဝတ်စုံတွေ ညံ့တယ် ၊ ကြမ်းတယ် ၊ လက်တောင်မသုတ်ချင်ဘူး ဟုတ်လား ၊ မင်းတို့ ဝေဖန်နေတာတွေ ငါအကုန်ကြားတယ်”

ဗိုလ်ချုပ်သည် ကျယ်လောင်စွာ ပြောလိုက်ပြီး ကုလားထိုင်မှ ဗြုန်းကနဲ ထလိုက်ပြီး တန်းစီထားသူများရှေ့သို့ တက်လာရင်း……. “မင်းတို့ ငါအုပ်ချုပ်နေတဲ့ တပ်က အခုထွက်၊ အလကားကောင်တွေ မင်းတို့ကို ငါနဲနဲမှ အထင်မကြီးတော့ဘူး၊ နွားတွေ၊ တို့ ရဲ့ဘော်တွေ ယိုဒယားက ဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရ ဘယ်စစ်ဝတ်စုံတွေ ဝတ်ပြီး တိုက်ပွဲဝင်ခဲ့ကြသလဲ ဟင် ပြောစမ်း” စိတ်ပါလက်ပါ လက်သီးလက်မောင်း တန်းပြီး မေးလိုက်သည်..။

“မင်းတို့က အခုမှ ယူနီဖောင်းလေး ဘာလေး စစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ..။ ဟေ့ တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင် စစ်ဝတ်စုံ မရှိလို့ ခါးတောင်းကျိုက်ပြီးပဲ တိုက်ရတာ့ရော ဘာဖြစ်လဲ..။ စစ်တိုက်နိုင်ဖို့သာ အဓိကကွ..။ အခုတော့ မင်းတို့က ကြီးကြီးကျယ်ကျယ် စကားတွေပြောလို့” ဗိုလ်ချုပ်က ခဏရပ်ပြီး ဆက်ပြောပြန်သည်..။

“အခုတော့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက် အချင်းချင်းတောင် မင်းတို့ပြောနေကြပုံ သဘောထားတွေက သစ္စာဖောက်နေတဲ့ အကောင်တွေ၊ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ပစ်မယ်..။ ထုတ်ရမယ်” ကြိမ်းဝါးလိုက်ပြန်သည်..။

အကြိမ်းခံရသူ ဗိုလ်၊ အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ ဒူချင်းရိုက်ခက်သူခတ်၊ အတော်စိတ်ထိခိုက် နေကြသည်..။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကို ခေါင်းငဲ့ကာ စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လိုက်လုပ်နေကာ ဗိုလ်ချုပ်သည် “ဘာလဲကွ မင်းတို့က ဂျပန်တွေ ကားစီးပြီး အဝတ်ကောင်းတွေ ဝတ်နေတာကို အားကျလို့လား..၊ အေး…..မင်းတို့မှတ်ထား ငါတို့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးတွေဆိုတာ.. ကြည့်လိုက်စမ်း..၊ တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်က ငပုတွေက တွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း ကျင့်ခံနေရတဲ့ ဘဝမှာ မင်းတို့လိုအကောင်တွေက ဇိမ်ခံချင်ကြတယ်..၊ ကားသစ်ကြီးတွေ စီးချင်ကြတယ်...၊ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက် အခွင့်အရေး ပိုလိုချင်ကြတယ်..၊ လူထုက ဝတ်စရာ အင်္ကျီ၊ ပုဆိုးမရှိတဲ့ အချိန်မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေ ဝတ်ဆင်ကြတယ်...၊ မှတ်ထား အခုလို စိတ်ဓာတ်မျိုး၊ အမြင်မျိုးတွေ ရှိနေသမျှ ငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ..၊ သိပ်ရှက်စရာကောင်းတယ်...၊ မင်းတို့ ပြည်သူလူထုအတွက် စစ်တိုက်နေတယ်ဆိုတာ အလလားပဲ..၊ လုံးဝ အဓိပ္ပာယ်မရှိတော့ဘူး” ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်...။

“မင်းတို့ နားလည်လား၊ စဉ်းစားမိလား၊ မင်းတို့ကို မင်းတို့ ဗိုလ်တွေ၊ စစ်သားတွေ၊ ရဲဘော်တွေဆိုပြီး တကယ်စစ်တိုက်ရတဲ့အခါမှာ စစ်ပညာ ကောင်းကောင်းတက်နေပြီးလား...။ ဘာတစ်ခုမှ မတတ်သေးဘူး..။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘဝင်မြင့်နေတဲ့ကောင်စားတွေ..၊ မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့ စိတ်တွေထားကြ...၊ ငပုတွေက မင်းတို့ကို ဆော်ဖို့ အသင့်ရှိနေတယ် ဆိုတာကို မင်းတို့မြင်ရဲ့လား..၊ ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ရမယ်” ဆက်လက်ပြီး ဒေါနဲ့ မောနဲ့ ကြိမ်းလိုက်ပြန်သည်..။

“မှားပါပြီး ဗိုလ်ချုပ်၊ နောင်တရပါပြီ ဗိုလ်ချုပ်” အရာရှိနှစ်ယောက်က ကတုန်ကယင်ဖြစ်ကာ ငိုယိုသံများဖြင့် တောင်းပန် တိုးလျှိုလိုက်ကြသည်...။

“ငါ ဘယ်လိုဝတ်ထားလဲ ကြည့်ကြစမ်း..၊ မင်းတို့နဲ့ ဘာခြားလို့လဲ..၊ မင်းတို့က ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ” ဗိုလ်ချုပ်သည် သူ၏ဟောင်းနွမ်းနေသော ဝတ်စုံကို လက်ဖြင့်ပုတ်ပြီး ပြလိုက်သည်...။

“ကျွန်တော်တို့ မှားပါပြီး ဗိုလ်ချုပ်..။ တောင်းပန်ပါတယ်..။ ကျွန်တော်တို့ အမှားကို ဝန်ချတောင်းပန်ပါရစေ” မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် အသနားခံလိုက်ကြပြန်သည်..။ ဗိုလ်ချုပ်သည် သိမ်းကြုံပြီး ဒေါသထွက်နေသော မျက်လုံးအစုံဖြင့် တောင်းပန်နေသူများကို ဝင့်ကြည့်လိုက်သည်..။

“မှတ်ထား ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှ မရှိရဘူး ၊ မပါစေရဘူး..၊ လူထုငတ်ရင် အားလုံးငတ်မယ်..၊ လူထုဆင်းရဲရင် တို့ရဲဘော် အားလုံးဆင်းရဲမယ်..၊ ငါလည်း ဆင်းရဲရမယ်..၊ ငါတို့တွေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ ချီတက်ဖို့ အရေးကြီးတယ်..၊ အခုတော့ မင်းတို့ကောင်တွေကွာ ငါလိုက်ပြီး ကန်လိုက်ရရင်ကွာ” ကြိမ်းဝါးလိုက်ပြန်သည်....။

သူ့ရှေ့တွင်ရပ်နေ ကြသူများမှာ သူပြုသမျှ၊ သူပေးသမျှ အပြစ်ဒဏ်ကို ခံယူကြမည့် ရဲဘော်များ ဖြစ်နေကြသည်..။ အခိုက်အတန့်အတွင်း အပြောမှားအဆိုမှားခဲ့ရာ ယခုအခါဗိုလ်ချုပ်၏ ဆုံးမသြဝါဒများကြောင့် အမြင်မှန် ရခဲ့သည်..။ “သွားကြစမ်း၊ မြန်မြန်ထွက်သွား။ အကောင်ရှုပ်တွေ ကြာကြာနေရင် မင်းတို့ကို ငါဆော်ထည့်မိလိမ့်မယ်”

ဗိုလ်ချုပ်ကာကြိမ်းဝါးက ရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်...။ ပါးစပ်သရမ်းမိသူများလည်း အရေးတကြီး ဗိုလ်ချုပ်ကို အလေးပြုကာ သုတ်သီးသုတ်ပြာ နှင့် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာငယ်လေးများဖြင့် ထွက်သွားကြလေတော့သည်....။

ဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော် (ခေတ်လူငယ်များ၏ မှတ်စု ဂျာနယ် မှ...)
(ကျနော် page တစ်ခုမှ ကူးယူထားတာ ကြာပါပြီ...။ မသိသေးသောသူများ ပြန်တင်ပေး လိုက်တာပါ....။ ဗိုလ်ချုပ်အကြောင်းပြောမယ်ဆိုရင် ပြောစရာတွေ များသလောက် ဓါတ်ပုံတွေ ဆိုတာ ရှားပါးလွန်းပါတယ်....။ ဒါကြောင့် သိမ်းထားတဲ့ ပုံ နဲ့ သာတင်လိုက်တာပါ...)

(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား  http://kyawhtetwin.blogspot.com/2013/09/blog-post_5430.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
ဗိုလ်ချုပ်ဒေါသထွက်သောနေ့  ......(အမှတ်တရစာပေများ)
" မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေးစစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။
ဟေ့တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင်... စစ်ဝတ်စုံမရှိလို့ခါးတောင်းကြိုက်ပြီးပဲတိုက်ရတော့ရောဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာအဓိကကွ..
အခုတော့မင်းတို့ကကြီးကြီးကျယ်ကျယ် စကားတွေပြောလို့ "
" ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။
မင်းတို့နဲ့ဘာခြားလို့လဲ။
မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ "
" မှတ်ထား၊
ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှမရှိရဘူး၊မပါစေရဘူး။
လူထုငတ်ရင်အားလုံးငတ်မယ် လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။
ငါလဲဆင်းရဲရမယ်။
ငါတို့တွေတည်ထောင်ခဲ့တဲ့တပ်မတော်ကြီးဟာ...
ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။
အခုတော့မင်းတို့ကောင်တွေကွာ။
ငါလိုက်ပြီးကန်လိုက်ရရင်ကွာ " ။
မူရင်းဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော်
လူတွေကတင်မြှောက်ပြီး
လူတွေရဲ့အကျိုးကို လုပ်တဲ့
လူတွေရဲ့ အစိုးရသာလျှင်
ဒီမိုကရေစီ ဖြစ်နိုင်မယ်။
ဗိုလ်ချုပ်အောင်ဆန်း
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများသည်  http://kyawhtetwin.blogspot.com/2013/09/blog-post_9329.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
 
Khut Daung Army

အဘေ့သားများပီပီ အဘေ့ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မည်။

ကျွန်မရဲ့ ခင်ပွန်းသည် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်တွင် ကျဆုံးခံရပါပြီ။

ချဲ့ထွင်မပြောလို

သေဆုံးတဲ့သူမှာ သေဆုံးပြီး ဖြစ်၍ ကျွန်မအထူး ချဲ့ထွင်ပြီး မပြောလိုတော့ပါ။ သူ့ကို တကယ်လေးစား ချစ်ခင်ကြပါလျှင် သူလိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင် သူချခဲ့တဲ့ လမ်းစဉ်အတိုင်း ဆထက် တံပိုး သည်ပိုးဆောင်ရွက်ကြဘို့ လိုပါတယ်။

တာဝန်ကို ဝေထမ်းခဲ့တယ်

ကျွန်မအတွက် ပြောရမည်ဆိုလျှင် ကျွန်မရဲ့ ခင်ပွန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ပြီး ရှေ့ဆောင်ရှေ့ရွက် လုပ်နေတဲ့ အခါ၊ ကျွန်မဟာ တိုင်းပြည်ရဲ့ တာဝန်ကို ခွဲဝေ ထမ်းဆောင်ခဲ့တဲ့ သဘောဖြင့် နောက်မှနေပြီး သူ့အား အမျိုးမျိုး ပြုစုအားပေးခဲ့ပါတယ်။

အဘေ့ခြေရာ နင်းနိုင်အောင်

ယခု သူကွယ်လွန် သွားတော့၊ သူ့ကို ပြုစုရမည့်အစားသူချခဲ့တဲ့ လမ်းစဉ်တွင် ပါဝင်နိုင်တဲ့ ဘက်တွင် ပါဝင်ထမ်းပြီး သူချန်ခဲ့တဲ့ သူ့သွေး သူ့သား၊ မိမိရဲ့ ရင်သွေးကလေးများကို အဘေ့သားများပီပီ အဘေ့ခြေရာ နင်းနိုင်အောင် ပျိုးထောင် ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။

ကံတူအကျိုးပေး

ကျွန်မနဲ့ ကံတူ အကျိုးပေးများဖြစ်ကြတဲ့ အခြား ကျဆုံးသော ခေါင်းဆောင်ကြီးများရဲ့ ဇနီးသယ်များဟာလဲ ကျွန်မလို ၀မ်းနည်း ပက်လက် ဖြစ်ကြမှာဘဲ။ ဒါပေမဲ့ ကျွန်မတို့ဟာ သူတို့ကို ချစ်ရိုးမှန်ရင် သူတို့ ချခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြမှ ချစ်ရာ ကျတော့မယ်။ သူတို့ရည်မှန်းခဲ့တဲ့ လုပ်ငန်းစဉ်ကို သူတို့ကိုယ်တိုင်မတွေ့မြင်လိုက်ကြပေမဲ့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ၀ိုင်းဝန်းအားပေးကြရမှာဘဲ။

နောက်ဆုံးအမှာ

လူထုသို့ ကျွန်မ ပြောလိုတာကတော့၊ မိမိတို့ အားကို ယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာ လုပ်ကြံမှုကြောင့်၊ ဒေါသထွက် စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင်မှုကို ရှောင်ကြဉ်၍ သူချခဲ့သော လမ်းစဉ်အတိုင်း တသွေမတိမ်းလိုက်နာ ဆောင်ရွက်ကြပါ။ သူ ပျိုးထောင်ခဲ့သော ဖ ဆ ပ လ အဖွဲ့ချုပ်ကြီးကို ဆထက်တံပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့တဲ့ လုံးဝလွတ်လပ်ရေးကို မရမနေ ကြိုးပမ်းကြပါ လို့ဘဲ နောက်ဆုံးမှာလိုပါတယ်။

(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား  http://kyawhtetwin.blogspot.com/2012/09/blog-post_2426.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)

“ ဗိုလ်ချုပ်မိခင် အမေစုရဲ့ရင်တွင်းစကား ”
••••••••••••••••••••••••••••••••••
“ ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလို
သတ္တိကြောင်တဲ့အမူမျိုးကို ငယ်ငယ်ရွယ်ရွယ်
ကလေးကပင် ရူတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင်ကြီး ဦးစောကို
မသမာသူတို့ ချောင်းမြောင်းပြီး သေနတ်နဲ့ပစ်စဉ်က
ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ရူတ်ချတဲ့
စကားတွေကို ပြောခဲ့ပါတယ်။

ဟိုတုန်းက ဗိုလ်ချုပ်ဟာနယ်လှည့်ရင်း ကျုပ်ထံ
ဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က
စိုးရိမ်လွန်းလို့ “သားရယ် လူဆိုတာ အထက်ရောက်
နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်
တာမျိုး ခံရတတ်တယ်။ အစစအရာရာ သတိထားပါ
သားရယ်”လို့ ပြောမိပါတယ်။
ဒီတော့ ကျုပ်သားက -“ ဒါကတော့ ဘုရားတောင်မှ
အတိုက်အခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်က
နေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ
ကြောက်စရာ မလိုပါဘူးအမေရယ်၊ မစိုးရိမ်ပါနဲ့။
စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ ယခု
တိုင်းပြည်နဲ့လူထုဟာ အရင်လိုမဟုတ်တော့ပါဘူး။
အကောင်းအဆိုး ဝေဖန်တတ်ပါပြီ” လို့ အားရပါးရ
ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။
ယခုတော့ ကျုပ်သား ကိုအောင်ဆန်းဟာ သူအလွန်
မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွား
ရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကိုလေးစားကြ
သလို ခေါင်းဆောင်များရဲ့ ညွှန့်ကြားချက်ကို ပြည်သူ
လူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့လိုက်နာပြီး
မိမိတို့လိုလားတဲ့ ခရီးကိုရောက်အောင် ဆောင်ရွက်ကြ
ဖို့ပါပဲ။ အဲဒီလို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကို
ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက်
ဆုံးရတဲ့ အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်။ ”
- ( အမေစု )
ဗုဒ္ဓဘာသာလူငယ်များ အသင်း(မြန်မာပြည်)
(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/09/blog-post_3331.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)

ဗိုလ်ချုပ်အောင်ဆန်း၏ ဂန္တ၀င်စံတင်မည့်မိန့်ခွန်းစကားများ
****************************************
၁။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ကြ။
အင်အားမရှိဘဲနဲံ စာရွက်ပေါ်မှာ အချုပ်အခြာ အာဏာပိုင်နှင့် လွတ်လပ်သော နိုင်ငံကို ဘယ်လိုကြီး ရေးသားထား ပေမယ့် ထို၏နောက်မှာ အင်အားကောင်းမရှိလျှင် ဘာမှအဓိပ္ပါယ်မရှိဘူး။ ( နိုင်ငံရေး ရှင်းလင်းပွဲ မိန့်ခွန်း ၁၉၄၇ မတ်လ (၁၉)ရက်)
၂။ပြည်တွင်းပြည်ပအန္တရာယ်ကိုကာကွယ်ကြ။
တိုင်းသူပြည်သား လူအများဟာ ဥမကွဲသိုက်မပျက်တညီတညွတ်တည်း စည်းကမ်း တကျ ရှိဖို့လိုတယ်၊ မလိုတဲ့သူ တွေဘယ်လို တိုက်တိုက်၊ ရှို့ ရှို့ ၊ စစ မိမိအဓိက ပန်းတိုင် ကိုမျက်ခြေပြတ်မခံနဲ့၊ လမ်းမလွဲအောင်ကြိုးစားဖို့ လိုတယ်၊နယ်ချဲ့ သမားကို တ ကယ် တိုက...်မယ် ဆိုတဲ့ လူအချင်းချင်းဟာ အချင်းချင်း တိုက်နေဖို့မလိုဘူး တစ်ဦးနှင့် တစ်ဦးဘယ်လိုပဲ သဘောထား ကွဲလွဲ နေပင်မယ့်နယ်ချဲ့ သမား ကို တိုက်ခိုက်တဲ့တပ်ဦးလွန်မှ နယ်ချဲ့ သမားထောက်ခံလမ်းတွေ မလိုက်မိဖို့ လိုတယ်။ (အသံလွှင့်ဟောပြောချက် ၁၉၄၇၊ဇန်န၀ါရီ(၁)ရက်ည၇း၄၀မိနစ်)
၃။ တစ်မျိုးသားလုံး အစွမ်းကုန် ညီညွတ်ကြပါ
တစ်တိုင်းပြည်လုံး ကြီးပွားစေလိုရင် လူအား၊ ငွေအား၊ပစ္စည်းအားနဲ့ စုပေါင်း ပြီးအင်တိုက်၊အားတိုက် လုပ်နိုင်မှ အကျိုးခံစား ခွင့်ရှိကြမှာပဲ၊ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ရှမ်း၊ကချင်၊ချင်းက တခြားအကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ် ဘူး၊စုပေါင်းမှသာအကျိုးရှိနိုင်တယ်။ ( ပင်လုံစော်ဘွား ညစာစားပွဲ မိန့်ခွန်း ၁၉၄၇.၂.၁၁ ည )
၎။ စည်းကမ်းရှိကြပါ
လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး၊စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာဖြစ်နိုင်တယ်၊အဲဒီတော့လွတ်လပ်ရေးဆိုတာ ကိုကျွန်တော်တို့ရတဲ့အခါမှာပဲ နားလည်ရမှာက ငါတို့တိုင်းပြည်ဟာ ပိုပြီးစည်းကမ်း ရှိဖို့လိုတယ်၊ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊စည်းကမ်းရှိကြဖို့၊အခုကတည်းကခင်ဗျားတို့ကိုယ်တိုင် အကျင့်ဆိုးတွေ၊အကျင့်ဟောင်းတွေပြင်ကြဖို့ လိုပြီ။
((မြို့တော်ခန်းမ မိန့်ခွန်း မိန့်ခွန်း ၁၉၄၇ ဇန်န၀ါရီ (၁၃))
၅။ အားလုံးနဲ့သက်ဆိုင်တဲ့အလုပ်
သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာစော်ကားလို့ အသက်စွန့်ပြီးမလျော့တမ်း ကာကွယ်တိုက်ခိုက်တာမျိုးကတော့ အားလုံးနဲ့သက်ဆိုင်တဲ့အလုပ်မျိုးဖြစ်တယ်၊ (ပင်လုံညစာစားပွဲတွင် မြွတ်ကြားသည့် မိန်ခွန်း)
၆။ ဗမာပီပီ ဗမာ့သွေးကိုပြ
ရဲဘော်တို့-----
ကျုပ်အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေးမပြောလိုဘူး၊အခုရဲဘော်တို့စစ်မြေပြင်ကိုစစ်ထွက်မယ်၊ဆင်းရဲမယ်ငတ်မယ်၊ အဆင်းရဲ ကို ဂရုမစိုက်နဲ့၊ ရင်မြေကတုတ် လုပ်၊ အောင်ပွဲရအောင် ကြိုးစားဗမာပီပီ ဗမာ့သွေးကိုပြ၊ (မတ်လ၉၂၇)ရက် တော်လှန်ေ၇း ပန်းခြံ တပ်ထွက် မိန့်ခွန်းမှ)
၇။ လူထုအတွက် လုပ်
ကျုပ်အခု နိုင်ငံရေး ဆောင်ရွက်နေတာဟာ သရဖူကြီး လိုချင်လို့ပဲ၊ ကျုပ်ဆောင်း ဖို့မဟုတ်ဘူး၊ လူထုအားလံုး ဆောင်း ရမယ့် လွတ်လပ်ရေးဆိုတဲ့သရဖူကြိးပဲ။ (နေသူရိန် အစည်းအဝေး မိန့်ခွန်း)
၈။ အလုပ်လုပ်ကြ
ပဒေသာပင်ပေါက်အောင်ဆိုရင် ကျွန်တော်တို့အလုပ်လုပ် မှဖြစ်ဆိုတာခင်ဗျားတို့ ခင်ဗျားတို့ နားလည်စေချင်တယ်။ (၁၉၄၇၊ ဧပြီ (၅)ရက်အသံလွှင့်မိန့်ခွန်း)
၉။ သတိထားကြ
တိုင်းပြည်မှာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ဘယ်လိုလူမှစိတ်မချနဲ့။ သူတို့မလိမ်နိုင်အောင် ကြိုးချည်ထားပါ လို့ ပြောချင်တယ်။
(ရန်ကန်ုမြို့လုံးဆိုင်ရာ ဖဆပလ ညီလာခံမိန်ခွန်း)
၁၀။ ကြိုးစားကြ
အတော့်ကိုပြဲအောင်ကြိုးစားလုပ်နိုင်မှအဲဒါ အတော်ကို ကုန်းနိုင်မှ အနှစ် (၂၀)လောက်ရှိတဲ့အခါ တော်ကာကျမယ်။
(အသံလွှင့် မိန့်ခွန်း ၁၉၄၇၊ဧပြီ (၅)ရက်)
ထာဝရအလင်းတန်းများ

(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/09/blog-post_4185.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
``ဗိုလ်ချုပ်အောင်းဆန်း၏ စကားတချို့´´

ဟေ့ကောင် ဒီကနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးဖြစ်လာပြီ။ မင်းကလည်း ငါ့ရဲ့ ပီအေ (အပါးတော်မြဲ အတွင်းဝန်) အဖြစ် တစ်ရက်နှစ်ရက်အတွင်း ပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါအခုပြောနေတာကို မင်း မြဲမြဲမှတ်ထားစမ်း။ အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူအညီတောင်းတာတွေလည်း လာလိမ့်မယ်။ ဒီတော့ ငါ့ရဲ့ ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ အကူအညီတောင်းတာကို လုပ်မပေးရဘူး။ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး။ အဲဒါ အိမ်မှာ အားလုံးကို ပြောထားလိုက်။ ငါ အခုပြောတဲ့အတိုင်း မလိုက်နာရင် မင်းနဲ့ငါ အသိပဲ။ (ဗိုလ်ချုပ်အောင်ဆန်း)

ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ်ဆိုတာ မှတ်ထားပါ။ (ဗိုလ်ချုပ်အောင်ဆန်း)

ပညာသည် စာအုပ်ထဲ၌သာ ရှိသည်မဟုတ်၊ စာအုပ်ကိုကျော်၍ မြင်နိုင်စွမ်းကို ဆောင်စေရမည်။
(ဗိုလ်ချုပ်အောင်ဆန်း)

ကျွန်တော်သည် လူရိုင်းဘ၀က လာလေသလားမသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့်စိတ် ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့။ မျက်စိနောက် မြင်ပင်းကပ်လာသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ အင်မတန် စိုပြေလန်းဆန်းသောဘ၀ဟု ကျွန်တော် ယူဆသည်။ မြန်မာပြည်ရှိလူတွေ လူရိုင်းဘ၀သို့ ရောက်ချင်ရောက်သွားပါစေ။ လွတ်လပ်စွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေးဘ၀ထက် ကျွန်တော် အဆတစ်ရာကြိုက်သည်။ နှစ်သက်သည်။ ကျွန်တော်သည် စိမ်းလန်း စိုပြေသော လွင်ပြင်ရိုင်းပေါ်တွင် လက်ခမောင်းခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်။ (ဗိုလ်ချုပ်အောင်ဆန်း)

(ယခုဖော်ပြထားသောအကြောင်းအရာများအား  https://www.facebook.com/notes/%E1%81%85%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/%E1%80%97%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%94%E1%80%B9%E1%80%B8-%E1%80%85%E1%80%80%E1%80%AC%E1%80%B8%E1%80%90%E1%80%81%E1%80%BA%E1%80%B3%E1%80%AD%E1%82%94/296638657012838 မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
post-image
  • ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။
(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)
  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ … သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ …။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
  • စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ … ။ 
(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် …။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့ခြင်းဖြစ်သည်။)
(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား http://www.mmbookstore.net/2015/01/blog-post_10.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
post-image



ကျနော်တို့မြန်မာပြည်အရေးဟာမြန်မာပြည်သူပြည်သားတွေ၊ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။(သြဂုတ်လ ၁၉၄၅)
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။( ၂၀ . ၁၀ . ၁၉၄၆ )
ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင်တစ်ဦးကိုတစ်ဦးစိတ်ကောက်ပြီးထိုင်နေ၍မဖြစ်သကဲ့သို့ ဗမာ့သေရေးရှင်ရေးကြီးနှင့်ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်းမကျေနပ်မှုအသေးအဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )

ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်းတိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊ အခြားလူမျိုးများကိုလည်းငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။( ၁၈ . ၁၁ . ၁၉၄၅ )
နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ( ဧပြီ ၁၉၄၇ နတ်မောက် )
သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာတော်လှန်ရေးလို့ ယူဆနေကြတယ်။ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့နှစ်မျိုးရှိတယ်။( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
လူတွေကတင်မြှောက်ပြီးလူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင်ဒီမိုကရေစီ ဖြစ်နိုင်မယ်။( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
 စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊တိုင်းသူပြည်သားလူထုညီညွတ်ရေး၊အဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ်ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။အဲ့ဒါ အင်မတန်အရေးကြီးတယ်။

ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့တလွဲဆံပင်ကောင်းနေကြတယ်။ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရမယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာလုပ်ချင်တယ်။ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲတိုင်းသူပြည်သားတွေနဲ့ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကိုမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာကျနော်တို့ ရည်ရွယ်ရမယ်။( ၁၉၄၅ သြဂုတ်လ )
ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချတုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။

( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင်လူအား၊ငွေအားပစ္စည်းအားနဲ့စုပေါင်းပြီးအင်တိုက်အားတိုက်လုပ်နိုင်မှအကျိုးခံစားခွင့်ရှိကြမှာပဲ။ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။

( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )
ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာတော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )
ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊ရာဇ၀င်မှာအရေးခံမယ့်လူစားမျိုးတွေလား၊ရာဇ၀င်မှာအဆဲခံမယ့်လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာခင်ဗျားတို့ နားလည်စေချင်တယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ်  ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီးလုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်တွေကိုပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။

( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း )
(ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်)
ညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။ ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။
ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။
 ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။
တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။
 
လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။
သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။
လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။

(ဗိုလ်ချုပ်အောင်ဆန်း လူငယ်ကျောင်းသားဘဝက ကိုယ်တိုင်ရေးခဲ့သော အလွန်လေးနက်သော လောကအမြင်။ ပညာရေး အမြင် တစိတ်တဒေသ ဖြစ်သည်။)
လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)


(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား http://www.mmbookstore.net/2015/01/blog-post_76.html ကူးယူဖော်ပြထားခြင်းဖြစ်သည်)