ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲသမိုင်းများ။ (စာမူကြမ်း)
မောင်အောင်ဆန်း(ကိုအောင်ဆန်း)၏ ကျောင်းသားဘ၀ ရက်စွဲသမိုင်း။
၁၉၁၅၊
ဖေဖ၀ါရီ ၁၃ စနေနေ့။ ။ (၁၂၇၆-ခု၊ တပေါင်းလဆန်း ၁ ရက်)လင်းအားကြီးအချိန်တွင်
နတ်မောက်မြို့၌ အဖ ဦးဖာ အမိ ဒေါ်စုတို့မှ ဖွားမြင်။ ငယ်စဉ် ထိန်လင်းဟုခေါ်၍
အစ်ကို အောင်သန်းအမည်နှင့်လိုက်ရန် အောင်ဆန်းဟု ခေါ်တွင် အမည်
တပ်ပေးခဲ့သည်။
၁၉၂၂ ။ ။ အသက် ခုနှစ်နှစ်အရွယ် နတ်မောက်မြို့ ဒီပင်္ကရာကျောင်း ခေါ် ဆရာတော်ဦးသောဘိတ ကျောင်းတွင်ပညာ စသင်။
၁၉၂၆ ။ ။ အသက် ၁၁ နှစ်အရွယ်တွင် ရှင်သာမဏေပြု။
၁၉၂၈ ။ ။ အသက် ၁၃ နှစ်အရွယ်တွင် နတ်မောက်ကျောင်းမှ မြန်မာလို ခြောက်တန်းအောင်။
၁၉၂၈ ။ ။ အသက် ၁၃ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း(နေရှင်နယ်ကျောင်း) တွင်ပညာသင်။
၁၉၃၀ ။ ။ အင်္ဂလိပ် မြန်မာ ၇-တန်းစာမေးပွဲကို စကောလားရှစ်နှင့်အောင်၍ တလလျှင် ၁၀ကျပ် ချီးမြှင့်ခံရ။
၁၉၃၁
မေ ၁၈ ။ ။ ဖခင်ဦးဖာ နတ်မောက်မြို့တွင်ကွယ်လွန်။( မိခင် ဒေါ်စုသည် အသက်
၇၅-နှစ်အရွယ် ၁၉၅၁-ခု ဒီဇင်ဘာ ၃-ရက်တွင် နတ်မောက်၌ပင် ကွယ်လွန်သည်)။
၁၉၃၂
။ ။ ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း မှ အင်္ဂလိပ် မြန်မာ ၁၀တန်း
စာမေးပွဲ ကို (က) တန်းမှ မြန်မာစာ နှင့် ပါဠိဘာသာ ဂုဏ်ထူးဖြင့် အောင်သည်။
ကိုအောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘ၀ ရက်စွဲသမိုင်း။
၁၉၃၂ ။ ။ ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။
၁၉၃၅၊ ဧပြီ ။ ။ ဂန္ဓလောက(The World of Books) no 1. XXI No. 123, P.i 32. တွင် “Burma And Buddhism” ဆောင်းပါးဖေါ်ပြခံရ။
၁၉၃၅၊
မေ ။ ။ ဂန္ဓလောက(The World of Books) no 1. XXI No. 124, PP. 183-184
“Freedom of Dress in Schools.” July 126, P 279 တွင်ဆောင်းပါးဖေါ်ပြခံရ။
၁၉၃၅၊ ဇွန် ။ ။ သူရိယမဂ္ဂဇင်း ( )၊ စာ ၉၀-၉၁ တွင် “မင်းကြီးဦးမင်းရောင်” ဆောင်းပါး (အညာသားလေး) အမည်ဖြင့် ဖေါ်ပြခံရ။
၁၉၃၅ သြဂုတ်။ ။ လောက၀ိဟာ စာစောင်၊ စာ ၅၆-၅၈ တွင် “မင်းကြီးဦးမင်းရောင်” ဆောင်းပါး (အညာသားလေး) မောင်အောင်ဆန်း။ အမည်ဖြင့်ဖေါ်ပြခံရ။
၁၉၃၅-၃၆
ခုနှစ်။ ။ ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင် အဖွဲ့နှင့် အိုးဝေမဂ္ဂဇင်း
အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်နေစဉ်
အိုးဝေမဂ္ဂဇင်းတွင်ပါရှိသော “(HELL HOUND AT LARGE) ခွေးသရမ်းကြီးလွတ်နေသည်”
ဆောင်းပါးရေးသူကို ထုတ်ဖော်မပြော၍ တက္ကသိုလ်ကျောင်းမှ ထုတ်ပယ်ခြင်းခံရသည်။
၁၉၃၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့။ ။ တက္ကသိုလ်ကျောင်းသပိတ်ကြီး မှောက်သည်။
တက္ကသိုလ်သပိတ်မှောက်ရသည့် အရေးကြီးသော အကြောင်းအရင်းမှ ကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ပယ်ခြင်းကြောင့် ဖြစ်သည်။
၁၉၃၆ ဖေဖော်ဝါရီ ၂၆ ။ ။ ကိုအောင်ဆန်းအပါအ၀င် သပိတ်မှောက်ကောင်စီဖွဲ့။
၁၉၃၆ မှ ၁၉၃၇ ။ ။ တကသ(တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ဒုဥက္ကဌ အဖြစ်တာဝန်ယူ။
၁၉၃၇ ။ ။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။
၁၉၃၇ ။ ။ ၀ိဇ္ဇာတန်း အောင်မြင်သည်။
၁၉၃၇
နိုဝင်ဘာ ၂၇ ။ ။ ၁၂၉၉၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်၊ မန္တလေးသူရိယ
(အမျိုးသားနေ့ အထူးစာစောင်) စာ ၁၇-၁၈ တွင် “ကျောင်းသားဝတ္တရား၊ ရေးသူ-
မောင်အောင်ဆန်း၊ ဘီ-အေ မြန်မာနိုင်ငံလုံးဆိုင်ရာ သမဂ္ဂအသင်းဥက္ကဌ။” ဖေါ်ပြခံရ။
၁၉၃၇ မှ ၁၉၃၈ ။ ။ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ) ဥက္ကဌ အဖြစ်တာဝန်ယူ။
၁၉၃၈။ ။ ကိုအောင်ဆန်းခေါင်းဆောင်သော ကျောင်းသားကိုယ်စားလှယ်အဖွဲ့တစ်ခု အိန္ဒိယပြည် သို့ သွားခဲ့သည်။
၁၉၃၈ ခု။ ။ ပထမဆုံးတက္ကသိုလ်ကျောင်းသားကိုယ်စားလှယ်၊ တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက် ခြင်းခံရသည်။
၁၉၃၈
ဧပြီ ၂၅-၂၆။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ တတိယ ညီလာခံကို
ပုသိမ်မြို့တွင်ကျင်းပရာတွင်ပါဝင်သည်။ ညီလာခံမှ ကျောင်းသား
သံမဏိတပ်များဖွဲ့ရန် ဆုံးဖြတ်သည်။ (မြဟန် ကိုလိုနီခေတ်အဘိဓာန် စာ ၁၈၄-၅)
၁၉၃၈ ခုနှစ်။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ အဖြစ်မှ နှုတ်ထွက်သည်။
သခင်အောင်ဆန်းဘ၀ ရက်စွဲသမိုင်း။
၁၉၃၈ ခုနှစ်။ ။ တို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။
၁၃၀၀ ပြည့် အရေးတော်ပုံကို အားပေးကူညီသည်။
၁၉၃၈
စက်တင်ဘာ ၂၅ ။ ။ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အစည်းအဝေးကျင်းပသည်။
အစည်းအဝေးမှ သခင်အောင်ဆန်းအားအလုပ်ဌာနတွင် ကူညီဆောင်ရွက်ရန်
အတွင်းရေးမှူးအဖြစ် ခန့်အပ်သည်။(မြန်မာ့အလင်းသတင်းစာ ၂၆-၉-၃၈)
၁၉၃၈ အောက်တိုဘာ။ ။ တို့ဗမာအစည်းအရုံးသို့သခင်အဖြစ်စာရင်းသွင်း။ (ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာစာအုပ်မှ။)
၁၉၃၈
နိုဝင်ဘာ ၂၀-၂၂ ။ တို့ဗမာအစည်းအရုံး၏
ဗမာနိုင်ငံလုံးဆိုင်ရာအမှုဆောင်အစည်းဝေးကျင်းပ၍ သခင်ဗစိန်နှင့်တကွ
သာယာဝတီညီလာခံအတွက်
ပြင်ဆင်နေကြသည့်တို့ဗမာအစည်းအရုံးဌာနချုပ်အမှုဆောင်တို့ကို ထုတ်ပယ်၍
ဌာနချုပ်အလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌ သခင်ထိပ်တင်ကိုယ်တော်ကြီး။ ဒု-ဥက္ကဋ္ဌ
သခင်လှဘော်။ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း။
တို့ဖြင့်ပြန်လည်ဖွဲ့စည်းသည်။ (မော်လမြိုင်ညီလာခံ စာ
၄၆)(တို့ဗမာအစည်းအရုံးသမိုင်း (ပ)စာ ၃၀၆)
၁၉၃၉ ဇန္န၀ါရီ ၂၃ ။ ။ ရွှေတိဂုံစေတီတော်တောင်ဘက်စောင်းတန်းရှိ တို့ဗမာအစည်းအရုံး တည်ရာဌာန မော်လမြိုင်ဇရပ်ကို
ရဲဖြင့်ဝိုင်း၍ဖမ်းဆီးရာ
ဥက္ကဋ္ဌ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ အတွင်းရေးမှူး သခင်အောင်ဆန်း၊
အပါအ၀င်တို့ဗမာအစည်းအရုံးဝင် ၁၀ ဦး အဖမ်းခံရသည်။
၁၉၃၉ ဖေဖေါ်ဝါရီ ၇ ။
။ ဗြိတိသျှအစိုးရ၏ တစ်ချက်လွှတ်ဥပဒေအရ အဖမ်းခံနေရသော
ရန်ကုန်မြို့ဌာနချုပ်တို့ဗမာအစည်းအရုံး အတွင်းရေးမှူးသခင်အောင်ဆန်း၊
အလုပ်မှုဆောင်အဖွဲ့ဝင် သခင်သန်းထွန်း၊ ဗမာ့လက်ရုံးတပ်ဗိုလ်သခင်ဘာဘာ၊
သခင်ကျော်စိန်၊ သခင်ဧကြည်၊ သခင်တင်တို့အား အာမခံဖြင့်ပြန်လွှတ်သည်။
၁၉၃၉
ဧပြီ ၆-၉ ။ ။ သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံး၏
နိုင်ငံလုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် ညီလာခံကို မော်လမြိုင်မြို့တွင်
ကျင်းပသည်။ ညီလာခံတွင် တို့ဗမာအစည်းအရုံးဌာနချုပ်အလုပ်အမှုဆောင်များအဖြစ်
ဥက္ကဋ္ဌ သခင်လှဘော်၊ အတွင်းရေးမှူး သခင်အောင်ဆန်း၊ အပါအ၀င် အဖွဲ့ဝင် ၁၇ ဦးကို
ရွေးကောက်တင်မြှောက်သည်။(မော်လမြိုင်ညီလာခံ စာ ၁၀၈-၉)
၁၉၃၉ ( )။ ။ မော်လမြိုင်၌ ကျင်းပသော တို့ဗမာအစည်းအရုံး ညီလာခံတွင် စစ်အတွင်း၌ ဗြိတိသျှကို မကူစတမ်း အဆိုတင်သည်။
၁၉၃၉
သြဂုတ် ၁၃ ။ ။ ရန်ကုန်မြို့၊ ရေကျော်ရပ် တို့ဗမာအစည်းအရုံးတည်ရာဌာနတွင်
ကွန်မြူနစ်အဖွဲ့အစည်းငယ်ကလေးကိုလျှို့ဝှက်စွာ စတင်ဖွဲ့စည်းသည်။
ထိုအဖွဲ့အစည်းတွင် ၁။ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း၊ ၂။
ငွေရေးကြေးရေးတာဝန်ခံ သခင်လှဖေ၊ ၃။ ကိုဗဟိန်း၊ ၄။ တက်ဘုန်းကြီးကိုသိန်းဖေ၊
၅။ မစ္စတာဒတ္တား၊ တို့ ပါဝင်သည်။(ဟန်တင် မြန်မာလွတ်လပ်ရေးသို့-၁ စာ ၃၁၉-၃၂၀)
၁၉၃၉
သြဂုတ် ၁၅ ။ ။ ရန်ကုန်မြို့အရှေ့ပိုင်း ၄၉ လမ်း၊ အိမ်နံပါတ်၁၈၈ ၌
မြန်မာပြည်ကွန်မြူနစ်ပါတီ(ဗ.က.ပ) ကို
အမြုတေပါတီအဖြစ်လျှို့ဝှက်စွာဖွဲ့စည်းသည်။ ဗ.က.ပအလုပ်အမှုဆောင်
အဖွဲ့ဝင်များမှာ-၁။ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း၊ ၂။
လူထုခေါင်းဆောင် သခင်စိုး၊ ၃။ စည်းရုံးရေးနှင့် လျှို့ဝှက်ရေး
မစ္စတာဂိုရှယ်၊ ၄။ငွေရေးကြေးရေးတာဝန်ခံ သခင်လှဖေ၊ ၅။ ကျောင်းသားနှင့်
လူငယ်စည်းရုံးရေး ကိုဗဟိန်း၊ တို့ဖြစ်သည်။(ဟန်တင် မြန်မာလွတ်လပ်ရေးသို့-၁
စာ၃၂၀-၁)
၁၉၃၉ ( )။ ။ ပြည်သူ့အရေးတော်ပုံပါတီ PRP (People
Revolutionary Party)ဖွဲ့စည်း။ သခင်မြ၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ၊
ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့ပါဝင်။ ပြည်တွင်းခေါင်းဆောင် သခင်မြ၊
ပြည်ပဆက်သွယ်ရေး သခင်အောင်ဆန်း။
၁၉၃၉ စက်တင်ဘာ ၁ ။ ။ တို့ဗမာအစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့မှ ဗမာ့ထွက်ရပ်ဂိုဏ်းတည်ထောင်ရန်ဆုံးဖြတ်။
၁၉၃၉
စက်တင်ဘာ ၂၂။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ
တို့ဗမာအစည်းအရုံးက“အင်္ဂလိပ်အခက်-ဗမာ့အချက်” ဟူသော ကြွေးကြော်သံနှင့်
လွတ်လပ်ရေးပေးအပ်ရန် ကြေညာချက်များထုတ်ပြန်သည်။(သူရိယသတင်းစာ အတွဲ ၂၅၊
အမှတ်၁၉၂၊ ၂၂-၉-၃၉၊ စာ ၁၃)
၁၉၃၉ အောက်တိုဘာ ၁။ ။ ဗမာ့ထွက်ရပ်ဂိုဏ်း
(ဗမာ့လွတ်လပ်ရေးဂိုဏ်း)ကို ဖွဲ့စည်းတည်ထောင်သည်။ ဗမာ့ထွက်ရပ်ဂိုဏ်း၏
ဦးစီးအဖွဲ့ဝင်များအဖြစ်တို့ဗမာအစည်းအရုံးမှ သခင်လှဘော်၊ သခင်မြ၊ သခင်နု၊
သခင်အောင်ဆန်း၊ သခင်သန်းထွန်း။
ဆင်းရဲသားဝံသာနုဖွဲ့မှ ဒေါက်တာဘမော်၊ ဦးလှမင်း၊ ဗန္ဓုလဦးစိန်။ ငါးပွင့်ဆိုင်အဖွဲ့မှ ဒေါက်တာသိန်းမောင်၊ ဦးထွန်းမောင်။
နေပြည်တော် (မန္တလေး)အဖွဲ့မှ ဦးဘဦး၊ ဦးဘရွှေ တို့ကို ရွေးချယ်လိုက်ကြသည်။
ဗမာ့ထွက်ရပ်ဂိုဏ်း၏
ခေါင်းဆောင်မှာ ဒေါက်တာဘမော်၊ အတွင်းရေးမှူးမှာ သခင်အောင်ဆန်း
ဖြစ်သည်။(သူရိယသတင်းစာ အတွဲ ၂၅၊ အမှတ်၂၀၈၊ ၁၁-၁၀-၃၉၊ စာ
၉)(တို့ဗမာအစည်းအရုံးသမိုင်း (ဒု)စာ ၄၇၉)
၁၉၃၉ အောက်တိုဘာ ၂၂။ ။
ရန်ကုန်မြို့ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ဗမာ့ထွက်ရပ်ဂိုဏ်းက
ကြီးမှူး၍ဟောပြောပွဲ ကျင်းပရာ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ
ကိုယ်စားလှယ်များက နိုင်ငံရေးအဖွဲ့အစည်းများ ညီညွတ်ရေး၊ လုံးဝ
လွတ်လပ်ရေးရရှိရေးနှင့် ကမ္ဘာစစ်ကြီးတွင်မြန်မာနိုင်ငံ မပါဝင်ရေး
စသည်တို့ကို ဟောပြောကြသည်။ (မြန်မာ့အလင်းသတင်းစာ ၂၃-၁၀-၃၉)
၁၉၃၉ နိုဝင်ဘာ ၄။ ။ ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ ကြေညာချက်ကို ထုတ်ပြန်ကြေညာသည်။(ဂျာနယ်ကျော်၊ အုပ်တွဲ ၂၊ စာစောင် ၁၂၊၄-၁၁-၃၉)
၁၉၄၀ ဖေဖ၀ါရီ ။ ။ ဒဂုံမဂ္ဂဇင်းတွင် “နိုင်ငံရေးအမျိုးမျိုးဆောင်းပါး”ရေးသားပါရှိ။
၁၉၄၀
မတ် ၁၉-၂၀ ။ ။ အိန္ဒိယနိုင်ငံဘီဟာ (Bihar) ပြည်နယ်၊
ဟဇာရီဘတ်ခရိုင်(Hazaribagh) ရမ်းဂါး(Ram garh)တွင် ကျင်းပသည့်
အိန္ဒိယအမျိုးသားကွန်ဂရက် ညီလာခံသို့ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်များ
ဖြစ်ကြသည့် သခင်တင်မောင် (ပန်းတနော်)၊ သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊
သခင်ခင်အောင်၊ သခင်အုန်းမြင့်နှင့် သခင်အုန်းဖေတို့
တက်ရောက်သည်။(တို့ဗမာအစည်းအရုံးသမိုင်း (ဒု)စာ ၅၀၀) ( The Encyclopaedia of
Indian National Congress Vol 12, 1939-46, New Delhi,S.Chand &
Com-pany Ltd,1981, P 543 )
၁၉၄၀ မေ ၁၁-၁၃။ ။
သခင်ကိုယ်တော်မှိုင်းကြီးမှူးသော တို့ဗမာအစည်းအရုံး၏ နိုင်ငံလုံးဆိုင်ရာ
ပဉ္စမအကြိမ်မြောက်ညီလာခံကို သာယာဝတီမြို့တွင် ကျင်းပသည်။ ညီလာခံတွင်
တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်များအဖြစ် ဥက္ကဋ္ဌ သခင်တင်မောင် (ပန်းတနော်)။
ဒု-ဥက္ကဋ္ဌ သခင်လှဘော်။ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း။ ငွေထိန်း သခင်နု။
တောင်သူလယ်သမားဘက်ဆိုင်ရာရေးရာမှူး သခင်သန်းထွန်း။
အလုပ်သမားဘက်ဆိုင်ရာရေးရာမှူး သခင်စိုး။
ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ဘက်ဆိုင်ရာရေးရာမှူး သခင်မြ။ ၀ါဒဖြန့်ချီရေးမှူး
သခင်လေးမောင်။ စည်ရုံးရေးမှူး သခင်လှဖေ (ဖျာပုံ)၊ သခင်ခင်အောင်၊ သခင်သင်
(ဇီးကုန်း)။ ဗမာ့လက်ရုံးတပ်ဗိုလ် သခင်ဗသာ၊ လက်ရုံးတပ်တွဲဖက်
သခင်အုန်းဖေ(မြောင်းမြ)၊ တို့ကို ရွေးကောက်
တင်မြှောက်သည်။(တို့ဗမာအစည်းအရုံးသမိုင်း (ဒု)စာ ၅၀၃-၅၀၇)(ဟန်တင်
မြန်မာလွတ်လပ်ရေးသို့-၂၊ရန်ကုန်၊ စိန်ရတနာပုံနှိပ်၊ ၁၉၇၇၊ စာ ၂၀-၂၂)
၁၉၄၀ ဇွန် ၁။ ။ ဇလွန်မြို့တွင် ဇွန် ၁ ရက် ည၌ တရားဟော။
၁၉၄၀
ဇူလိုင် ၁၂။ ။ သခင်အောင်ဆန်းအားဟင်္သာတစီရင်စု၊ ဇလွန်မြို့တွင် ၁ ဇွန် ၁၉၄၀
ပြည့်ည၌ အစိုးရအကြည်ညိုပျက်အောင် တရားဟောမှုဖြင့် ဟင်္သာတရာဇ၀တ်ဝန်
ဇေးဗီးယား(D.W Harrison Xavier) က ရာဇသတ်ပုဒ်မ ၁၂၄ (က) အလိုရှိကြောင်း၊
သခင်အောင်ဆန်းအားဖမ်းဆီးပေးသူ သို့မဟုတ် သတင်းပေးသူကို ဆုတော်ငွေ ၅ိ ကျပ်
ပေးမည် ဟုကြေညာခဲ့သည်။(သူရိယသတင်းစာ ၁၆-၇-၁၉၄၀) ၀ရမ်းဆုငွေမှာ
လူထုခေါင်းဆောင်တစ်ဦးကို စော်ကားခြင်းဖြစ်၍ တစ်ပြည်လုံးက ရှုတ်ချသည်။
၁၉၄၀ ပြည့်နှစ်။ ၀ရမ်းပြေးနေရစဉ် တက္ကသိုလ်ကောင်စီဝင် လူကြီးအဖြစ်မှ နုတ်ထွက်သည်။
၁၉၄၀
သြဂုတ် ၂ ။ ။ သခင်အောင်ဆန်း အား ဖမ်းဆီးမိန့် ထုတ်ထားခြင်းကို
ရုပ်သိမ်းကြောင်း ပြန်ကြားရေးဌာနမှသတင်းရရှိသည်။(သူရိယသတင်းစာ ၂-၈-၄၀)
၁၉၄၀ သြဂုတ် ၈ ။ ။ နော်ဝေပိုင်သင်္ဘောပေါ်တွင် တိတ်တဆိတ်ပုန်းအောင်းထွက်ခွါ။
၁၉၄၀ သြဂုတ် ၂၄။ ။ အမွိုင်မြို့သို့ရောက် (အမွိုင်၌ ၂လကြာ။)
၁၉၄၀ နိုဝင်ဘာ ၁၂ ။ ။ တိုကျိုမြို့ရောက် (ဗိုလ်မိုးကြိုးကြိုဆို။) ၃လကြာ အလုပ်အစီအစဉ်များလုပ်ကိုင်။
၁၉၄၁ မတ် ၃ ။ ။ ရန်ကုန်ပြန်ရောက်။
၁၉၄၁ မတ် ၉ ။ ။ မတ် ၉ အထိ ရန်ကုန်မှာနေ။
၁၉၄၁ မတ် ၂၇ ။ ။ တိုကျိုပြန်ရောက် (နိုင်ငံချစ်လုလင်တစုပါခေါ်ခဲ့။) ၁၀ရက် ခန့် တိုကျိုမှာနေ။
၁၉၄၁ ဧပြီ ၆ ခန့် ။ ။ ဟိုင်နန်းကျွန်သို့ထွက်ခွါ။
၁၉၄၁ ဇူလိုင် ။ ။ ဟိုင်နန်မှယိုးဒယားသို့ထွက်။(ဗမာနိုင်ငံတွင်းသို့လက်နက်များပို့ဆောင်ရေး
မစ္စတာစူဇူကီးနှင့်ဟိုင်နန်ကျွန်းသို့ပြန် ထိုမှတိုကျိုသို့သွားရ။)
၁၉၄၁
အောက်တိုဘာ ။ ။ ဘန်ကောက်သို့ထွက်။ အရှေ့အာရှစစ်မကြေညာမှီ ၂ရက်၊
ဆိုင်ရန်းမြို့သို့ ပြန်ပြေးရ။ စစ်ကြေညာပြီးနောက် ယိုးဒယားနေ
ဗမာများနှင့်ပင် ဗမာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့စည်းရန် ဘန်ကောက်သို့ပြန်သွား။
၁၉၄၁ ဒီဇင်ဘာ ၂၆ ။ ။ ဘန်ကောက်တွင် ဗမာ့တပ်မတော်ဖွဲ့စည်း။
၁၉၄၂
မတ် ၁၂ ။ ။ ဗိုလ်မှူးကြီးစူဇူကီး (ဗိုလ်မိုးကြိုး) ဗိုလ်တေဇ
(ဗိုလ်အောင်ဆန်း) တို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော်တပ်ဖွဲ့အချို့ကို
ဦးဆောင်၍ရန်ကုန်မြို့သို့ ရောက်ရှိသည်။ «အိဇူမိယတက်စုရော
ကျွန်တော်ပါဝင်ခဲ့သောမီနာမီကီကန်းရန်ကုန်။ တက္ကသိုလ်များပုံနှိပ်တိုက်။ ၁၉၈၁
စာ ၁၆၀ »
၁၉၄၂ မတ် ၂၅ ။ ။ ရန်ကုန်မြို့ ဘီအေအေ ကွင်း (Burma Atheletic Association)
တွင် မြန်မာ့အောင်ပွဲစစ်နေ့ အခမ်းအနား ကျင်းပသည်။ «မြန်မာ့အလင်း ၂၆-၃-၄၂»
၁၉၄၂ မတ် ၂၈ ။ ။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အနောက်မုခ်တွင် နံနက်
၉ နာရီ၌ လွတ်လပ်ရေးတိုက်ပွဲတွင်ကျဆုံးသူ အာဇာနည်များဖြစ်သည့် ကျဆုံးသော
တပ်သားများနှင့် တပ်ဗိုလ်များ ကို ချီးကျူးပွဲနှင့် ၎င်းင်းတို့ကို ရည်စူး၍ ဆွမ်းသွတ် အမျှဝေပွဲ ပြုလုပ်
သည်။«မြန်မာ့အလင်း ၂၉-၃-၄၂»
၁၉၄၂
မတ် ၃၀ ။ ။ ရန်ကုန်မြို့တော်ခန်းမတွင် ရန်ကုန်အုပ်ချုပ်ရေးအဖွဲ့
ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဗိုလ်မှူးကြီး တေရာဒါ (Col Terada)အမှူးပြုသည့်
ဂျပန်စစ်ဗိုလ်များနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်မှ စစ်ဗိုလ်များ တက်
ရောက်သည်။ အခမ်းအနားတွင် ရန်ကုန်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဥိးတင်က မိန့်ခွန်းပြောကြားသည်။
«မြန်မာ့အလင်း ၃၁-၃-၄၂»«ဂျပန်စစ်အုပ်ချုပ်ရေးခေတ် စာ ၁၀၄-၁၀၅»
၁၉၄၂ ဧပြီ ၁ ။ ။ ဗမာ့လွတ်လပ်ရေး တပ်မတော်က “ရဲဘော် တို့ဗမာအပေါင်းတို့” ဟူသည့် ကြေညာချက် ထုတ်ပြန်သည်။
«မြန်မာ့အလင်း ၁-၄-၄၂»
၁၉၄၂
ဧပြီ ၈ ။ ။ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသောဗမာ့လွတ်လပ်ရေး
တပ်မတော်မြောက်ပိုင်းစစ်ဆင်ရေး တပ်မနှစ်ခုသည် အထက်မြန်မာပြည်
ချီတက်တိုက်ခိုက်ရေးအတွက် စစ်ထွက်အခမ်းအနား ကျင်းပပြီး ပြည်လမ်း
အတိုင်း မြောက်ဘက်သို့ ချီတက်သည်။ «မီနာမီကီကန်း စာ ၁၇၇-၁၇၈»
၁၉၄၂ ဇွန် ။ ။ အာရှလူငယ်များအစည်းအရုံး ရန်ကုန်မှာဖွဲ့။
၁၉၄၂ ဇူလိုင် ၁၇ (၁၇-၇-၄၂) ။ ။ ဗိုလ်တေဇခေါ် သခင်အောင်ဆန်းအား ဂျပန်စစ်အာဏာပိုင်များကြှုဗမှြီဗ ပြောင်းရန်အကြံပေး။
၁၉၄၂ဲကူပ ။ ။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ပြောင်းလဲဖွဲ့စည်း။
၁၉၄၂ စက်တင်ဘာ ၆ရက် ။ ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်လက်ထပ်ခဲ့။ ဒေါ်အောင်ဆန်းစုကြည်ရေးသည့် “အောင်ဆန်း”မှ။
၁၉၄၃ မတ်လ ၁၁ ရက် ဒေါက်တာဘမော်၊ ဗိုလ်ချုပ်၊ သခင်မြ၊ ဒေါက်တာသိန်းမောင် နန်းရင်းဝန်တိုကျိုနှင့်တွေ့ရန် လေယာဉ်နှင့်သွား။
ဏာ ၂၈ ညီညွတ်ရေး အရေးတော်ပုံ (စံအောင်)။
(၁၉၄၃
ဲကူပ ၇ ဗုဒ္ဓဟူး။) ။ ။ ၁၃၀၅ ခု ၀ါဆိုလ ၆ ရက် ဗမာ့ကာကွယ်ရေးတပ်မတော်
စစ်သေနာပတိဗိုလ်ချုပ်အောင်ဆန်း (ယခုစစ်ဝန်ကြီး)၏ ဥယျောဇဉ် ဦးဘသောင်း
(တည်း)၊ သေနင်္ဂဗျူဟာစစ်သမိုင်း၊ ရန်ကုန်၊ ဟံသာဝတီပိဋိကတ်ပုံနှိပ်တိုက်၊
၁၃၀၅ ခု။
၁၉၄၃ သြဂုတ် ၁ရက် ။ ။ လွတ်လပ်ရေးကြေညာ အဓိပတိ အဏာရှင်အစိုးရဖွဲ့၊ သခင်အောင်ဆန်း စစ်ဝန်ကြီး၊ ကာကွယ်ရေးဌာန။
၁၉၄၃
သြဂုတ် ၁ ရက် ။ ။ အထူးထုတ် “ဗမာ့ခေတ်”သတင်းစာတွဲ၊
ဗိုလ်ချုပ်အောင်ဆန်းရေးသည့် “ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ” ဆောင်းပါတွေ့ရ။
(သြဂုတ် ၃ ရက် ဗမာ့ခေတ်သတင်းစာတွင် ဗိုလ်ချုပ်အောင်ဆန်းက
အောက်ပါအတိုင်းပြန်လည်ရေးပြဘူးသည်။ စစ်မကြေညာမှီ ၂ ရက်အလို
ဗမာ့ထွက်ရပ်ဂိုဏ်းတခုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြပုံ။) တိမ်မြုပ်နေသော
သခင်ကိုယ်တော်မှိုင်းစာပေများ - မြင့်ဆွေ။
၁၉၄၄ ဇန်န၀ါရီလ ။ ။ ဗကပ ပထမကွန်ဂရက်။
၁၉၄၄ ဗကါကျအ ။ ။ င်္ဗင်္ဏူ.
၁၉၄၅ ခု မတ်လ ၁၇ ။ ။ ဗမာ့တပ်မတော်ကြီးစစ်မြေပြင်ထွက်ခွါ။
၁၉၄၅ မြေခ့ ၂၇ ။ ။ ဖက်ဆစ်ဂျပန်တော်လှန်
၁၉၄၅ မေလ ။ ။ ရန်ကုန်၊ စမ်းချောင်း ဗားကရာတွင် ဗကပ ဆိုင်းဘုတ်တင်။
၁၉၄၅ မေလ ၁၀ ရက် ။ ။ သရက်ခရိုင်၊ ကမ္မမြို့အပိုင်၊ သရက်ချောင်းရွာတွင် ညနေ ၅ နာရီ၊
အရာရှိတပ်သားများကိုပြော။ ဆီမဆွတ်ဘဲ( )လိမ့်မယ်။
၁၉၄၅ မေလ ၁၅ ။ ။ ဗိုလ်ချုပ်အောင်ဆန်းသည် လက်ထောက်အရာရှိတဦးနှင့်အတူ စလင်းနှင့် တွေ့ဆုံရန် ၎င်းင်း၏ဌာနချုပ်သို့ရောက်သွား။
၁၉၄၅
ဇွန် ၁၅ ။ ။ ရန်ကုန်ညမြို့၌ အောင်ပွဲစစ်ချီအခမ်းအနားကျင်ပရာ၌
ြေိတိသျှအင်ပိုင်ယာ တပ်များ၊ မဟာမိတ်တပ်များနျင့်အတူ မြန်မာ့တပ်မတော်ကလည်း
ပါဝင်ခဲ့ ပါသည်။
၁၉၄၅ ဇွန်လ ၂၀ ။ ။ ဒေါ်မန်စမစ်နှင့်
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဘဖေ၊ ဦးဆက်၊ ဆာမောင်ကြီး၊
ဦးဘဦး၊ ဦးပု၊ ဦးဆက်ဒနီလူနီ၊ ဦးဘသန်း၊ ဦးဘိုးပျော့၊ ဦးဘကလေး၊
ခန်းဗဟာဒူးဒိုက်ကွားရား၊ ဦးခူအိခွက်တို့ ရန်ကုန်မြစ်အတွင်းရှိ
ကမ်ဘာလင်စစ်သင်္ဘော (ြှံ ဃကာဘနမူညေိ) တွင်
မြန်မာနိုင်ငံအနာဂတ်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးကိစ္စ
ဆွေးနွေးကြ။
၁၉၄၅ သြဂုတ် ၁၀ရက်၊ ၁၁ရက်၊ ၁၂ရက် ။ ။
မျိုးချစ်ဗမာ့တပ်မတော်အကြီးအကဲခေါင်းဆောင်များ အစည်းအဝေး၊ ရန်ကုန်တိုင်းမှုးများအစည်းအဝေး။
၁၉၄၅ သြဂုတ် ပထမပတ် ။ ။ ဖဆပလ အဖွဲ့ချုပ်တွင် နိုင်ငံရေးခေါင်းဆောင်ကြီးများဆွေးနွေး။
၁၉၄၅ သြဂုတ် ၁၉ ရက် ။ ။ မြို့လုံးကျွတ်လူထုအစည်းအဝေး ကန်တော်ကြီး နေသူရိန်ကပွဲရုံ
ဗိုလ်ချုပ်မိန့်ခွန်းပြော “ပြည်သူ့လွတ်လပ်ရေး”။
၁၉၄၅
သြဂုတ်လ ။ ။ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်အစည်းအဝေးတွင်
ဗိုလ်ချုပ်မိန့်ခွန်းပြော “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး”
၁၉၄၅ သြဂုတ်လ ။ ။ ဖဆပလ ဟူ၍အမည်သစ်ပေး။
၁၉၄၅
သြဂုတ်လ ၁၂ ရက် ။ ။ အမျိုးသားညီညွတ်ရေးပန်ကြားချက်ကြေညာစာတမ်း။ နံနက်
၁၁နာရီ၊ ဗမာ့တပ်မတော် ခေါင်းဆောင်အရာရှိကြီးများ၏
အစည်းအဝေးအားထုတ်ပြန်ကြေညာ၊ဗိုလ်ချုပ်အောင်ဆန်းစစ်သေနာပတိ။
မြန်မာ့စိန်ခေါ်သံမှာ မြန်မာပြန်ရှိ
၁၉၄၅ နိုဝင်ဘာ ၁၈ ရက် ။ ။ အလယ်ပစ္စယံမိန့်ခွန်း “သတ္တိရှိလျှင်ရွှေးကောက်ပွဲ လုပ်ကြရအောင် ဖဆပလ ဥက္ကဌဗိုလ်ချုပ်ပြော။
၁၉၄၅ ွနစအနာဘနမ ဳေညိပ (အနည သအ့နမ ခသူူနေါကန်)
၁၉၄၅ စက်တင်ဘာ ၆၊ ၇ သီဟိုနိုင်ငံ၊ ကန္ဒီမြို့ ကန္ဒီစာချုပ် ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင့်ဘက်တန်။
၁၉၄၅ သြလနာဘနမ ၂၆ တိုင်း - ၆ စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဥယျောဇဉ်။
၁၉၄၅ ဒီဇင်ဘာ ၁ရက် ပြည်သူ့ရဲဘော်တပ်ဖွဲ့ဖွဲ့။
၁၉၄၆ဲညေကမေပ မန-နူနခအနိ ၁ျအ ခသညါမနျ သ် င်္ဗဏဏူ. (၁၃၀၀ိနူနါအေနျ).
၁၉၄၆ ဇန်န၀ါရီ ၁၇ – ၂၃ အလယ်ပစ္စယံ ဖဆပလပြည်လုံးကျွတ်ညီလာခံ။
၁၉၄၆ ဇန်န၀ါရီ ၁၇ မနက် ၈ နာရီ အလယ်ပစ္စယံမှာယာယီ ကျောက်တိုင်စိုက် “ကျဆုံးရဲဘော်များကျောက်တိုင်မိန့်ခွန်း”
၁၉၄၆
ဲညေကမေပ ၂၀ယ ဏမန်ငိနညအငေူ ေိိမန်် ိနူငလနမနိ အသ အ့န ္ငမ်အ ခသညါမန်် သ္
ဗၤဏၤဴယ “ဏမသဘူနာ် ၤသမ ႀကမာေ’် ၤမနနိသာ” မြန်မာ့စိန်ခေါ်သံမှာ မြန်မာပြန်ရှိ
၂၃ – ၁ – ၁၉၄၆ “အမျိုးသားညီညွတ်ရေး” အဆိုတင်သွင်းမိန့်ခွန်း အလယ်ပစ္စယံ ပရိသတ် ၂ သိန်းတက် “ဝေစား(၀ါးစေ)အဖွဲ့မျိုးမဟုတ်ဘဲ။
၁၉၄၆ မတ်လ ၂၇ တော်လှန်ရေးနေ့ ကန်တော်မင်းပန်းခြံတော်လှန်ရေးနှင့် စပ်လျဉ်း၍ပြော
“ငါတို့သွေးအနီပြိုင်ခဲ့သောနေ့”။
၁၉၄၆ မတ်လ ဖဆပလ ငှါးလေယာဉ်ပျံလေးဖြင့် စစ်တွေ၊ မင်းပြား၊ မြေပုံသို့သွား မတ်လ ၂၄ ရန်ကုန်ရောက်။
၁၉၄၆ မတ်လ ၂ ရက် ရခိုင်တွင်တရားပွဲကျင်းပ။
၁၉၄၆ မတ်လ ၂၄ ရန်ကုန်ရောက်။
၁၉၄၆ မတ်လ ၂၆ နံနက် ၉နာရီခွဲ သတင်းစာကွန်ဖရင့်၌ ရခိုင်အခြေအနေရှင်းပြ။
၁၉၄၆ မတ် ၂၇ရက် ဘုရင်ခံနှင့်ဆာပေါ်ထွန်း အစိုးရအစည်းအဝေးမှ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန်ဆုံးဖြတ်ချက်ချ။
၁၉၄၆ ဧပြီလ ၂၆ ရက် မေဒေးရှေ့ပြေးမိန့်ခွန်း (¿¿)
၁၉၄၆ ဧပြီလ ၂၉ နံနက် ၁၁ နာရီခွဲ ကန်တော်ကလေးမြူနီစီပယ်ကျောင်း၌ ကျင်းပသော
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တတ်ရောက်ပြောကြား။ “ပညာရေးသည် နိုင်ငံဖြစ်သည်”။
၁၉၄၆ မေလ ၁ ရက် စစ်အပြီးမြန်မာပြည် ပထမဆုံးမေဒေးနေ့ ဗိုလ်ချုပ်အောင်ဆန်း၏
သဘာပတိမိန့်ခွန်း။ “ကမ္ဘာ့အလုပ်သမားနေ့မိန့်ခွန်း”။
၁၉၄၆ ပြေ ၁၆ယ ဗိမနျိနူငလနမနိ အေ အ့နျနခသညျိနျငသည သ် အ့နှကစမနာန ဃသကညခငူ သ် င်္ဗင်္ဏူ.
“ဃျွှုျု့န ဥြျြွှုှုံဏြနျွှုဗှူြု” မြန်မာ့စိန်ခေါ်သံမှာရှိ
၁၉၄၆ ဇွန်လ ၇ ရက် ကန်တော်မင်ပန်းခြံတွင်ပြုလုပ်သောပြည်သူ့လွတ်လပ်မှုချုပ်ချယ်ခြင်း
ကန့်ကွက်ပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းရောက်ရှိလာစဉ်။ (ဓာတ်ပုံ)
လူတစ်သိန်းတတ် အင်းစိန်ခရိုင်ထန်းတပင်မြို့လယ်သမား အစည်းအရုံး
ပြည်သူ့ရဲဘော်များကို ပုလိပ်ကပစ်ခတ် လယ်သမား ၃ဦးသေ ၁၅
ဦးဒဏ်ရာရ။
၁၉၄၆ဲကူပ ၂ ဒီဒုတ်နှစ်ပါတ်လည်စာစောင်သို့ ပေးပို့လိုက်သော ဗိုလ်ချုပ်အောင်ဆန်း၏ သ၀ဏ်လွှာ။
၁၉၄၆ဲကူပ ၂၄ယျွှနူဃဥနြှုီုဗ
ဗိိမန််
သ် တနူခသာနိနူငလနမနိ အေ အ့န မနခနစအငသညါငလနည ငည့ သညသကမ သ် မြ.ှမေအေ
ႀသ်နယ ေ ာနာဘနမ သ္ အ့န ႊၽသမုငညါ ဃသာာငအအနန သ္ အ့န ႈညိငေည ၿေအငသညေူ ဃသညါမန််
အေ အ့န ဃငအပံေူ သ်ျွညေါသသည သညဲကူပ ၂၄ယ ၁၉၄၆.
၁၉၄၆ ဗကါကျအယ
ဏမန်ငိနညအ ေိိမန်် ေအ အ့န ဗၤဏၤဴ ွကစမနာန ဃသကညခငူ ွန််ငသညယ ဗကါက်အယ ၁၉၄၆.
“ွှ့နှငအကအေငသည ညွေှျိျေု.” မြန်မာ့စိန်ခေါ်သံမှာရှိ
၁၉၄၆ စက်တင်ဘာ ၂၁ရက် ဦးစောသေနတ်ပစ်ခံရ၊ (ဗိုလ်ချုပ်သွားကြည့်)။
၁၉၄၆ စက်တင်ဘာ ၂၇
ကမ္ဘာသိမြန်မာ့ခေါင်းဆောင်သုံးဦးတို့၏ ဘ၀နှင့်သမိုင်း။
ကမ္ဘာသိမြန်မာ့ခေါင်းဆောင်သုံးဦးဖြစ်သည့်
လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်ဦးနု၊
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် တို့၏ ဘ၀နှင့်သမိုင်းကို တတ်နိုင်သမျှ
ပြည့်စုံစွာမှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ မည်သူမဆိုလိုအပ်သလို အလွယ်တကူ
ရည်ညွှန်းကိုးကားနိုင်ကြစေရန်ဖြစ်ပါသည်။ စာအုပ်စာတမ်း၊ ဓါတ်ပုံမြေပုံ၊
လက်ရေးလက်သား၊ အသုံးအဆောင်၊ အသံမှတ်တမ်း၊ ရုပ်ရှင်မှတ်တမ်း၊
စသည်များထည့်သွင်းနိုင်ရန်ရည်ရွယ်ပါသည်။
လိုအပ်သည်များညွှန်ပြကူညီကြစေလိုပါသည်။
(ယခုဖော်ပြပါအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/08/blog-post_7361.html မှကူးယူဖော်ပြထားခြင်းသည်)
0 comments:
Post a Comment