GENERAL AUNG SAN.::R.I.P::.

ဗိုလ်ချုပ်အောင်ဆန်း ဒေါသထွက်သောနေ့  (အမှတ်တရ စာပေများ)

0
ဗိုလ်ချုပ်ဒေါသထွက်သောနေ့  ......(အမှတ်တရစာပေများ)
" မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေးစစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။
ဟေ့တိုင်းပြည်နဲ့ လူထုအတွက်ဆိုရင်... စစ်ဝတ်စုံမရှိလို့ခါးတောင်းကြိုက်ပြီးပဲတိုက်ရတော့ရောဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာအဓိကကွ..
အခုတော့မင်းတို့ကကြီးကြီးကျယ်ကျယ် စကားတွေပြောလို့ "
" ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။
မင်းတို့နဲ့ဘာခြားလို့လဲ။
မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ "
" မှတ်ထား၊
ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှမရှိရဘူး၊မပါစေရဘူး။
လူထုငတ်ရင်အားလုံးငတ်မယ် လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။
ငါလဲဆင်းရဲရမယ်။
ငါတို့တွေတည်ထောင်ခဲ့တဲ့တပ်မတော်ကြီးဟာ...
ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။
အခုတော့မင်းတို့ကောင်တွေကွာ။
ငါလိုက်ပြီးကန်လိုက်ရရင်ကွာ " ။
မူရင်းဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော်
လူတွေကတင်မြှောက်ပြီး
လူတွေရဲ့အကျိုးကို လုပ်တဲ့
လူတွေရဲ့ အစိုးရသာလျှင်
ဒီမိုကရေစီ ဖြစ်နိုင်မယ်။
ဗိုလ်ချုပ်အောင်ဆန်း
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများသည်  http://kyawhtetwin.blogspot.com/2013/09/blog-post_9329.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)

0 comments:

Post a Comment