GENERAL AUNG SAN.::R.I.P::.

အာဇာနည်ကြီးများရဲ့ ဈာပန (ဇူလိုင်-၁၉)

0
အာဇာနည်နေ့ကို မမေ့နိုင်ကြသလို...၊ အာဇာနည်ကြီးများရဲ့ ဈာပနချတဲ့ နေ့ကိုလည်း အနာဂတ်လူငယ်များ ဗဟုသုတ အနေနဲ့ သိထားရအောင်လို့ပါ.....။
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် နယ်ချဲ့လက်ပါးစေ မသမာရန်သူများရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရရှာတဲ့ လွတ်လပ်ရေးဗိသုကာ..၊ ပြည်သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို ၁၉၄၈ ခုနှစ် ၊ ဧပြီလ ၁၁ ရက် ၊ နေ့လည် ၁ နာရီ ၁၅ မိနစ် အချိန်မှာ အာဇာနည်ဗိမာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပါတယ်...။ ထိုသို့ ပို့ဆောင်သင်္ဂြိုဟ်ရာမှာ ကြည်း ၊ ရေ ၊ လေ တပ်မတော်သားများနှင့်တကွ တပ်ဖွဲ့ပေါင်းစုံမှ ဦးဆောင်ချီတက်ခဲ့ပါတယ်...။ ဈာပနတင် ယာဉ်များပေါ်မှ တင်ဆောင်လာတဲ့ အာဇာနည်ကြီးများ၏ ရုပ်ကလာပ်ကို ပြည်သူအများ ၀မ်န...းည်းကြေကွဲစွာ အလေးပြုကြပါတယ်...။ ရှေ့နောက် ၀ဲယာမှ ရှုမြင်ရသူ ပြည်သူအားလုံး ကြက်သီးဖုံးမျှ ပူဆွေးတသ ၀မ်းနည်းကြေကွဲစွာဖြင့် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်...။

အာဇာနည်ကြီးများရဲ့ ရုပ်ကလာပ် မြှုပ်နှံဖို့အတွက် အာဇာနည်ဗိမာန်ကိုလည်း ၁၉၄၈ ခုနှစ် ၊ မတ်လ ၂၇ ရက်နေ့မှ စတင် အုပ်မြစ်ချတည်ဆောက်ခဲ့ပါတယ်...။ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ရုပ်ကလာပ်များကို အလယ်ဗဟိုမှာ ဗိုလ်ချုပ်အောင်ဆန်း ၊ လက်ယာဘက်မှာ သခင်မြ ၊ ဦးဘ၀င်း ၊ မိုင်းပွန်စော်ဘွားကြီး နဲ့ ဦးအုန်းမောင် ၊ လက်ဝဲဘက်မှာ ဦးဘချို ၊ မန်းဘခိုင် ၊ ဦးရာဇတ် နဲ့ ရဲဘော်ထွေး တို့ရဲ့ ရုပ်ကလာပ်များကို သက်ဆိုင်ရာ အုပ်ဂူအသီးသီးမှာ ထားရှိပါတယ်...။ ဂူအတွင်းသို့ မြှုပ်သွင်း သင်္ဂြိုဟ်ပြီးနောက် သေနတ်များပစ်ဖောက်ကာ စစ်ခရာများမှုတ်ပြီး အလေးပြုကြတဲ့အပြင် ဗမာ့တပ်မတော် လေယာဉ်ပျံ တို့ကလည်း..... ဝေဟင်ယံမှနေပြီး အာဇာနည်ကုန်းသို့..... ဦးတိုက် ပျံဝဲကာ.... ပန်းမျိုးစုံများ နဲ့ လွမ်းသူ့ပန်းခွေ.... ကြဲချပြီး အလေးပြုခဲ့ကြပါတယ်......။
ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ကြီးများ၏ ဈာပန အခမ်းအနားဟာ ညနေ ၄ နာရီမှာ ပြီးဆုံးခဲ့ပါတယ်....။
(အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနား မော်ကွန်းရုပ်ရှင် မှတ်တမ်းမှ....)
(ယခုတင်ပြင်ထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား  http://kyawhtetwin.blogspot.com/2013/09/blog-post_6278.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)

0 comments:

Post a Comment